( Uni )
"Duty Of Love"
(Ep-20)
"ကိုကို အလုပ်သွားတော့မလို့လား"
ဧည့်ခန်းထဲတွင် မုန့်စားရင်း အပြင်ကိုတမျှော်မျှော်ဖြစ်နေတုန်း Mewရောက်လာတော့ အပြင်ကိုမျှော်နေရမှ Mewကိုကြည့်ကာ မေးလိုက်သည်
"အင်း Tarလဲ ဒီနေ့ကျောင်းစတက်ရမှာမို့လား"
"ဟုတ်တယ် ပထမဦးဆုံးရက်မှာ နောက်ကျတော့မယ်တူတယ်"
"San မလာသေးလို့လား"
"ဟုတ်တယ် ကျောင်းချိန်တောင် နီးနေပြီး မလာသေးဘူး"
" ခြံထဲ စက်သံကြားတယ် Sanလာပြီးနဲ့ တူတယ်"
စကားပြောနေရင်း စက်သံကြား၍ Tarကို မှေးငေါ့ကာ ပြောလိုက်သည်
"အင်း အ့ဆို Tarသွားတော့မယ်"
"ဟုတ်ပြီး ဂရုစိုက်သွားနော်"
"ဟုတ်ကိုကို တာတာ့"
ကလေး၁ယောက်လို သူကလက်ပြကာ ထွက်သွားသော Tarနောက်ကျောကို ကြည့်ကာပြုံးပြုံးကြီး ကြည့်နေမိသည် Tarက ကလေးဆန်တက်လွန်း၍ Sanကိုအမြဲအားနာတက်သည် Sanနဲ့Tarက မတည့်တူနေ မမြင်ချောင်ကြည့်တက်တဲ့ ကြောင်နဲ့ကြွက်မို့ Tarနဲ့Sanရဲ့ အရိပ်အခြေကို ကောင်းကောင်းသိ၍ Sanနဲ့သာဆို Tarအတွက်လုံခြုံစိတ်ချ၍ Mewငြင်းမညိမဟုတ်တော့ Sanကိုပဲယုံယုံကြည်ကြည်နဲ့ Tarကိုအပ်ထားလိုက်သည်
ငေးကြည့်နေရမှ သောက်လက်စကော်ဖီကိုသောက်ရင်း လက်ကနာရီကိုကြည့်ကာ အလုပ်သွားရန် ပြင်ဆင်လိုက်သည်
"ကားကို မြန်မြန်မောင်းပေး လိပ်လိုနှေးနှေးလေး လုပ်မနေနဲ့ ခင်ဗျားကြောင့် ကျွန်တော်ရဲ့ ပထမဆုံး ကျောင်းတက်ရက် နောက်ကျတော့မှာ"
"ကိုတောင်းပန်ပါတယ် ညကအိပ်ယာကျ နောက်ကျသွားလို့"
ကားကိုခါတိုင်းလိုပဲ ဖြေးဖြေးမောင်းနေစဥ် Tarရဲ့ ဆူပုတ်ပုတ်အသံကြောင့် San စောစောကထက် အရှိန်နည်းနည်း တင်မောင်းလိုက်သည်
"ခင်ဗျားက ဆင်ခြေကတော့ အမြဲပေးတက်တယ်နော်"
"ကိုဆင်ခြေပေးတာ မဟုတ်ပါဘူး"