( Uni )
"Duty Of Love"
(Ep-19)
"ညီနာမည်က Gulf Kanawut လား"
"ဟုတ်ပါတယ် အကို"
"အ့ဆို အကို အင်တာဗျူးလေး စမယ်နော် ညီအဆင့်သင့်ဖြစ်ပြီးလား
"ဟုတ် ကျွန်တော်ဖြေဖို့ အဆင့်သင့်ပါပဲ"
Lhong Mewခိုင်းသည့်အတိုင်း မေးခွန်းများကို Gulfအား၁ယောက်၁ခွန်း မေးလေသည် Gulfလဲ မေးသည့်မေးခွန်းများကို ဟိုဟိုဒီဒီ ဝေ၀ါးခြင်းမရှိပဲ ရဲ၀င့်၀ါစွာ ဖြေဆိုသည်
"ညီဖြေတဲ့ အဖြေတွေကို အကိုသဘောကျပါတယ် ကံကောင်းပါစေလို့ အကိုဆုတောင်းပေးတယ်နော်"
"ဟုတ် အ့ဆို ကျွန်တော်ကို ခွင့်ပြုပါဦး"
"ကောင်းပါပြီး"
Gulf Lhongကို နှုတ်ဆက်က အခန်းထဲမှ ထွက်သွားသည် Lhongကတော့ Gulfရဲ့ ဖြေဆိုမူတွေကို သဘောကျ၍ Gulf နှုတ်ဆက်ထွက်သွားတာကို ပြုံးပြုံးကြီး ကြည့်နေမိသည်
"Lhong ဘာတွေပြုံးနေတာလဲ"
Gulfထွက်သွားတာကို ပြုံး၍ ကြည့်နေသော Lhongကို Mewမေးဆက်ကာ မေးလိုက်သည်
"aww ဆရာရောက်လာပြီး"
"အင်း "
"ဆရာ ခုထွက်သွားတဲ့ ကောင်လေးက ဆရာလိုချင်တဲ့ပုံစံပဲ ပြီးတော့သူအဖြေတွေကလဲ အရမ်းကိုတိကျတယ်"
"ဟုတ်လား နာမည်ဘယ်သူတဲ့လဲ"
"Gulf Kanawutတဲ့ "
"Gulf Kanawutဟုတ်လား"
Lhongပြောလိုက်တဲ့ Gulf Kanawutဆိုတဲ့ နာမည်ကြားတော့ Mewရင်းနှီးသလိုလိုနဲ့ ဇေဝေဇေ၀ါ ဖြစ်နေသည်
"ဟုတ်ပါတယ် ဒီမှာသူရဲ့ လျှောက်လွှာပါ"
Lhong Mewကို Gulfရဲ့လျှောက်လွှာ
ကိုပြလိုက်သည် Mewလျှောက်လွှာရဲ့ ထိပ်ဆုံးဒေါင့်မှာ ကပ်ထားတဲ့ ဓာတ်ပုံသေးသေးလေးကို မျက်လုံးလေး အပြူးသား ကြည့်နေမိသည် လက်မကလေးကလဲ ထိုဓာတ်ပုံလေးကို ပွတ်ကာ နှုတ်မှာလဲGulfနာမည်ကို တိုးတိုးလေး ရေရွတ်မိနေသည်