( Uni )
"Duty Of Love"
(Ep-21)
"သားMew အိမ်ကိုလဲ ပြန်လာဦးနော်"
Condoမှာ နေရန်အထုပ်အပိုးတွေ ပြင်ပြီး သွားရန်ပြင်နေချိန် ကြီး၀ီလဲ ပစ္စည်းတွေ ကူသိမ်းပေးရင်း ပြောလိုက်သည်
"ဟုတ်ကဲ့ပါ အ့ဆိုကျွန်တော်သွားတော့မယ် ကြီး၀ီ"
"ကိုကို Tarအားရင် လာလှည့်မယ်နော်"
Mew အထုပ်တွေ ကားနားထိ လိုက်ပို့ရင်း မျက်နာလေး သိမ်ငယ်စွာ ပြောလိုက်သည် မိဘတွေရှိစဥ်ကတည်းက Mewအပေါ်ကို ကလေးလေး၁ယောက်လို ကပ်တွယ်နေတက်တဲ့ကောင်လေး အရွယ်ရောက်လာပြီး မိဘတွေမရှိတော့လဲ Mewအပေါ်ကို ဆိုးချင်တိုင်း ဆိုးနေတော့ Mewနဲ့ခွဲနေရမယ်ဆိုတော့ ၀မ်းနည်းလာသလိုလိုဖြစ်နေသည်
Mewလဲ မိသားစုဆိုလို့ ဒီညီလေး ၁ယောက်ထဲ ရှိတော့ ခွဲနေချင်၍ မဟုတ်ပေ ဒါပေမဲ့သူအလုပ်က အချိန်နဲ့အချိန် အိမ်ပြန်မရောက်၍ သူအတွက်ကြောင့် အားလုံးပင်းပန်မှာဆိုး၍ ရွေးချယ်လိုက်ရခြင်း ဖြစ်သည်
"Tar ကိုကို အ့လိုပျော့ညံတာ မကြိုက်ဘူးနော်"
"ကိုကိုကလဲ Tarမှာမိသားစုဆိုလို့ ဒီညီအကိုလေး ၂ယောက်ရှိတာကို ခုကိုကိုက အိမ်မှာမနေပဲ Condoမှာနေမှာဆိုတော့ Tar၀မ်းနည်းတာပေါ့"
"ဟုတ်ပါတယ် ဒါပေမဲ့ ကိုကိုက Tarကိုမပင်းပန်စေချင်လို့ပါ Tarအားရင် လာလညိလို့ ရတာပဲ Sanကိုလိုက်ပို့ခိုင်းပေါ့"
"ဟုတ်ကိုကို Tarကိုကို စကားကိုနားထောင်ပါမယ်"
"အင်း Tarလိမ်မာတာ ကိုကိုသိပါတယ် ခနနေSan လာလိမ့်မယ် "
"ဟုတ် ကိုကိုCondoလဲ ၀င်ရဦးမှ မဟုတ်လား အလုပ်နောက်ကျနေဦးမယ်"
"အင်း အ့ဆိုကိုကိုသွားပြီးနော်"
"ဟုတ် တာ့တာ"
Mewလဲ ကားထဲ၀င်ပြီး တာတာ့ပြကာထွက်သွားလေ Tarလဲ Mewကားလေး မျက်ခြေပျက်သွားတော့မှာ အိမ်ထဲပြနိ၀င်လာခဲ့လေသည်
"သားလေးအားရင် သားကိုကိုဆီ သွားလို့ရတာပဲကို"
မျက်နာလေး ညှိုးငယ်စွာ၀င်လာ၍ ဘေးနား၀င်ထိုင်ပြီး ကြီး၀ီ Tarကိုပြောလိုက်သည်