"Duty Of Love"

163 20 0
                                    

( Uni )

"Duty   Of   Love"

(Ep-28)

"ဖေကြီး  မေကြီး"

"သား"

"ဧည့်သည်တွေလဲ  ပါတာပဲ  ဖေကြီးရေ  ဧည့်သည်တွေကို  ဆိုင်ထဲခေါ်ပါဦး"

ဆိုင်ရှေ့ကားရပ်သည့်ဆိုတာနဲ့  ကလေးလေး၁ယောက်  ဆိုင်ထဲအပြေး၀င်ပြီး  အလုပ်လုပ်နေတဲ့  ဖေကြီးနဲ့မေကြီး  အော်ခေါ်ကာ  အပြေးလေး ဖတ်လိုက်သည်   ဒေါ်မာလာလဲ  သူသားလေး လာဖတ်တာတွေ့တော့  အားရ၀မ်းသာပြန်ဖတ်ပြီး  မျက်နာလေးကိုင်ကာကြည့်နေစဥ်  ဧည့်သည်တွေပါလာတာ  တွေ့၍ဦးကနာကို  မှေးငေါ့ကာ  ဆိုင်ထဲခေါ်ဖို့ပြောလိုက်သည်

"လာကြပါ  လာကြပါ  အထဲ၀င်ကြပါဦး"

Mewတို့လဲ  ဦးကနာလာခေါ်မှ   ဆိုင်ထဲအရှိုးရှိုး၀င်ထိုင်လိုက်ကြသည် 

"သမီးတို့ရေ ဧည့်သည်တွေအတွက်   စားစရာနဲ့  အအေးလေ  ယူခဲ့ကြပါဦး"

"ဟုတ်ဖေကြီး"

"လာ  ဖေကြီးနဲ့  မေကြီး  သားမိတ်ဆက်ပေးမယ်"

Gulf  ဦးကနာနဲ့ဒေါ်မာလာကို   Mewတို့စားပွဲ၀ိုင်းကို  သူနဲ့အတူ၀င်ထိုင်စေလိုက်သည်

"ဖေကြီးနဲ့မေကြီး   Phiကိုတော့မှတ်မိမှာပါ"

"မဂ်လာပါ  အန်တီနဲ့အန်ကယ်"

"မဂ်လာပါ သား"

Gulf  ဒေါ်မာလာနဲ့မျက်နာချင်းဆိုင်မှာ  ထိုင်နေတဲ့   Mewကိုလက်ပြကာ  မိတ်ဆက်ပေးလိုက်တော့  Mewကရိုကျိုးစွာ  လက်အုပ်ချီပြီး  နှုတ်ဆကိလိုက်တော့  ဒေါ်မာလာနဲ့  ဦးကနာလဲ  ပြုံးပြကာ  ပြန်နှုတ်ဆက်လိုက်သည်

"ဒီဘက်က   Phiတီလေး  မော်နဲ့တီလေးရဲ့သား  ကိုထွန်း  နောက်ပြီးဒီဘက်   Phiရဲ့ညီလေး  Tarတဲ့"

"တီလေး   ဒါကျွန်တော်အဖေနဲ့  အမေပါ  ရပ်နေတာက   ကျွန်တောိအမပါ  အမရဲ့ဘေးက  ကြီး၀ီရဲ့တူမပါ"

Gulf   ဟိုဘက်ရော ဒီဘက်ရော   စုံလင်အောင်  မိတ်ဆက်ပေးလိုက်သည်  အားလုံးကလဲ   ၁ယောက်ကို၁ယောက်  အပြုံးလေးတွေနဲ့  ပြန်လည်နှုတ်ဆက်ကြသည်

"အားလုံးတွေ့ရတာ ၀မ်းသာပါတယ်"

တီလေးက   Gulfမိတ်ဆက်ပေးတော့  Gulfမိသားစုများကို  အပြုံးလေးဖြင့်  ပြန်လည်နှုတ်ဆက်လိုက်သည်   အားလုံးလဲ   Gulfတို့ဆိုင်က  စားကြသောက်ကြ  တရင်းတနှီးနဲ့  စကားပြောဆိုကြနဲ့   ၀န်ထမ်းတွေကို   Lhongနဲ့အတူ  ကမ်းခြေက  ဟိုတယ်မှာ  စောင့်ခိုင်းထား၍   အချိန်ကလွန်နေပြီး   ဖြစ်သဖြင့်   တီလေးတို့လဲ  ဟိုတယ်ကိုပြန်ဖို့ပြင်လိုက်သည်

"Duty  Of  Love" (Complete)Where stories live. Discover now