Part-1

1.7K 117 12
                                    

ကျွန်တော် သူကလွဲပြီး ဘယ်သူ့ကိုမှထပ်မချစ်နိုင်တော့ဘူး.....

Diaryစာအုပ် ခပ်နွမ်းနွမ်းလေးကို ပြန်ပိတ်လိုက်ရင်း
သောက်လက်စ ကော်ဖီခွက်ထဲက ကော်ဖီခပ်နွေးနွေးလေးကို ခပ်ဆွေးဆွေးလေးကြည့်နေတဲ့ ကောင်လေးတစ်ယောက်

တပ်ထားတဲ့ မျက်မှန်လေးကို ကိုင်းမှ အသာချွတ်ယူလိုက်ကာ မျက်မှန်ဘူးလေးထဲ စနစ်တကျ ပြန်ထည့်လိုက်ပြီး စာကြည့်မီးအိမ် ခပ်မှိန်မှိန်လေးကို ပိတ်၍ ကုတင်ပေါ်တက်လှဲရင်း ခြေရင်းက စောင်ပါးပါးကို ကိုယ်ပေါ်လွှားခြုံလိုက်သည်။

ကော်ဖီသောက်ထားတဲ့အရှိန်ကြောင့် မျက်လုံး​တွေက ခပ်ကြောင်ကြောင် ခေါင်းအုံးဘေးက ဖုန်းလေးကို အသာဖွင့်ကြည့်တော့ ည 1:23 မအိပ် လို့ မဖြစ်တာကြောင့် မျက်လုံးတို့ကို အတင်းကြိတ်မှိတ်ပြီး အိပ်ပျော်ဖို့ကို ကြိုးစားနေမိသည်။

ဝင်လာသမျှ အတွေးပေါင်းစုံကို အံတုကာ နောက်ဆုံး မနက် ၃နာရီလောက်မှာ သူအိပ်ပျော်သွားခဲ့သည် ။

"အကို့ကို ကျွန်တော် ချစ်တယ် "

"ကိုယ်လည်း မင်းကို ချစ်တယ် "

နူးနူးညံ့ညံ့ ငုံ့ဆင်းလာတဲ့ နှုတ်ခမ်းနွေးနွေးတို့ကို Renjinနှစ်ခြိုက်စွာ ဆီးကြိုလိုက်သည်။

ထပ်တူကျသွားတဲ့ နှုတ်ခမ်းနှစ်လွှာ အဆုံးမှာ Renjun အိပ်မက်က အလန့်တကြား နိုးလာခဲ့သည်။

"ဒီအိပ်မက်က ငါ့ကိုဘယ်အချိန်ထိ နှိပ်စက်နေအုံးမှာလဲ "

Renjunအတွက် ဒီအိပ်မက်က ခြောက်လှန့်နေဆဲမို့
နိုးနိုးချင်း စိတ်ပျက်စွာ ညည်းညူလိုက်ပြီး ခပ်ပွပွ ဆံပင်လေးတွေကို ဖွပစ်လိုက်သည် ။

ရေချိုးပြီး အဝတ်ဘီဒိုရှေ့ အဝတ်လဲ ပြင်ဆင်ကာ ဘီဒိုကမှန်ထဲ ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်တော့ အဖြူရောင် ရှပ်အင်္ကျီကို ကာကီရောင် စတိုင်လ်ဘောင်းဘီလေးထဲ ထည့်ဝတ်ထားသည်မှာ သပ်သပ်ရပ်ရပ်နှင့် ။

အင်္ကျီလက်ကို တံတောင်ဆစ်နားအထိ ခေါက်တင်ထားပြီး ဆံပင်ခပ်နက်နက်တို့ကို နောင်ဘက်သို့လှန်တင်ထားသေးသည်။

23-DAY(Complete) Where stories live. Discover now