Part-22

624 66 10
                                    

Unicode

Renjun ဒီနေ့ကျောင်းရောက်ရောက်ချင်း အတန်းချိန်မဝင်ခင် Jeno တို့အတန်းဆီခပ်သွက်သွက်လျှောက်လို့သွားနေမိသည်။

ဒီနေ့ Jeno တို့ အတန်းတွင် သူ့စာသင်ချိန်မပါပေမယ့် သူJenoကို မေးခွန်းတွေအများကြီးမေးရဦးမည်။

ပြတင်းပေါက်က လှမ်းကြည့်တော့လဲ သူ့သူငယ်ချင်းတွေကလွှဲရင် သူ့ကိုမတွေ့ရတာကြောင့် လက်လေးတွေကိုကျစ်​နေအောင်ဆုပ်ပစ်လိုက်သည်။

အခန်းအပြင်ထွက်လာတဲ့ မာခုက Renjun ဆီဦးတည်နေတာမို့ Renjun စိတ်တိုနေတာကိုလျှော့ချပစ်လိုက်သည်။

"ဆရာ Jeno ကိုလာရှာတာလား "

"မဟုတ်ဘူး အခုအတန်းချိန် ဘယ်ဆရာလဲဆိုတာလာကြည့်တာ "

Renjun မှာ ဆရာမာနဆိုတာလေးတော့ ရှိသေးတာကြောင့် Markမေးခွန်းကို ခပ်ပြတ်ပြတ်သာငြင်းပစ်လိုက်သည်။

"ဆရာ ဂျွန်ဟျောင်း အချိန်ပါ "

Renjunစကားသာ ပြောနေပေမယ့် အခန်း​နောက်ပေါက်ဘက်ကဝင်သွားတဲ့ Jenoဆီ မျက်လုံးတို့ကအလိုလို ရောက်သွားသည်။

ကောင်မလေးတစ်ယောက်ရဲ့ ပုခုံးကိုကိုင်ကာ ဆံပင်တွေသပ်ပေးနေတဲ့ Jeno ရဲ့ပုံရိပ်ကသူ့ရင်ဘတ်ကို လှံချွန်ချွန်နဲ့ထိုးဆွနေသလိုပင်။

*ငါမင်းကလွဲပြီး ဘယ်သူ့ကိုမှမယုံခဲ့ဘူး Jeno... ဒါ​​ပေမယ့် အခုအခြေအနေကိုတော့ ငါမယုံလို့ မရတော့ဘူးထင်တယ် *

Renjun အခန်းရှေ့က ချာခနဲလှည့်ထွက်သွားမှ Jeno ကောင်မလေးကို အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် Suri''

''နင်တကယ်ရောအဆင်ပြေရဲ့လားJeno ''

''အင်းအဆင်ပြေပါတယ်''

Jeno သူ့ခုံလေးမှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့ Markက သူ့ဘေးနားရောက်လို့လာသည်။

"မင်...တကယ်အဆင်ပြေရဲ့လားJeno..''

Jeno ဘေးက Markကိုကြည့်ပြီးဘာမှပြန်မပြောပဲ လွယ်အိတ်ထဲက Noteစာအုပ်လေးကိုသာသူထုတ်ပြီး လက်ရေးသော့သော့နဲ့ရေးလိုက်မိသည်။
*ရမ့်ကို ကျွန်တော် သိပ်ချစ်သည်။*

23-DAY(Complete) Where stories live. Discover now