Part-18

377 63 13
                                    

Unicode

"Jeno ကို အခုထိ အဆက်အသွယ်မရသေးဘူး..... "

Winwin အပြောကို Yutaက ဖုန်းကြည့်နေရင်း သက်ပြင်းခပ်ဖွဖွချလိုက်သည်။

"ဒီကောင်ဖုန်းလဲ စက်ပိတ်ထားတယ် အမြဲသွားနေကျနေရာတွေလည်းစုံစမ်းပြီးပြီ အစအနတောင်ရှာမရအောင် ဘယ်နေရာတွေအထိရောက်နေလဲ တကယ်မသိတော့ဘူး "

"အစကတည်းက အဲ့လိုတွေဖြစ်လာမှာစိုးလို့ အဲ့ဒီ့ဆရာကို သဘောမကျစေချင်ခဲ့တာ။ ဒီလိုတွေဖြစ်လာမယ်ဆိုတာငါကြိုသိနေတာမို့လို့ Jenoရဲ့စိတ်ကိုမင်းလည်း အသိဆုံးပဲ မဟုတ်ဘူးလား မင်းလည်းအနီးကပ်နေပြီး တစ်စက်ကလေးမှ ဂရုမစိုက်ဘူး အသုံးမကျဘူး "

Winwin က တွေးတွေးစစ ပြောလိုက်... ခပ်စွာစွာလေး အော်လိုက်နဲ့ Yutaရဲ့ လက်မောင်းတွေကို တဖတ်ဖတ်ရိုက်သေးသည်။

စွပ်ကြယ်ပဲဝတ်ထားတဲ့ Yutaရဲ့လက်မောင်းသားတွေကို နီရဲတဲ့အထိ Winwinက အားရပါးရ ရိုက်ထည့်ပစ်လိုက်သည်။

"နာတယ်လေ Winwinnie ရဲ့ ကိုယ်ကJeno​မိန်းမလည်းမဟုတ်ပဲနဲ့"

"နာအောင်ရိုက်တာပဲလေ! စကားကို ကပ်မပြောနဲ့ Nakamoto yuta shi "

Yuta ကို WinWinကစိတ်ကောက်ကာ အခန်းအပြင်ထွက်သွားသည်။

Markတို့လည်း အချိန်ရရင် ရသလို Jenoကို ရှာဖြစ်ကြသည်။

Taeyongကတော့ ဆရာRenjunဆီ သွားပြီး စာမေးရင်းနဲ့ Jenoရဲ့သတင်း ရလို ရငှားသွားလေ့လာတတ်ပေမယ့် ဆရာRenjunကလည်း Jeno နဲ့ အဆက်အသွယ်ပြတ်နေသည်မှာ အဲ့ဒီ့နေ့ကတည်းကဖြစ်ပုံ​ပေါ်သည်။

"Taeyonတို့ကဖြစ်ဖြစ် Jenoကို ပြန်တွေ့အောင် ရှာပေးဖို့ ဆရာအကူအညီတောင်းပါတယ်။ ဒီကောင်လေး...မင်းတို့သူငယ်ချင်းက အရမ်းဆိုးလွန်းတယ်..."

"Jeno မှာ..... "

"တစ်ခုခုရှိလို့လားဟင် Jenoမှာ ဆရာမသိသေးတဲ့ကိစ္စရှိလို့လား Taeyong"

"မဟုတ်ပါဘူး Jenoမှာ စိတ်ညစ်စရာတစ်ခုခုကြုံသွားခဲ့ရလို့လားဆိုတာ သိချင်လို့ပါ။ ဆရာနဲ့ပတ်သတ်တာဆိုရင် ပြောပြပေးလို့ရရင် ကျွန်တော့်ကိုပြောပြပေးလို့ရမလား...။အဲ့တာမှ ကျွန်တော်တို့Jenoကို ပြန်ရှာဖို့ နည်းလမ်းနဲနဲပဲဖြစ်ဖြစ် ရှာတွေ့နိုင်မှာမို့လို့ပါ "

23-DAY(Complete) Where stories live. Discover now