Part-5

561 83 23
                                    

Unicode 💚

Jeno အပြင်သို့ရောက်လာပြီးမှ ဖုန်းပါ လွယ်အိတ်ထဲ ကျန်ခဲ့မှန်း သတိရသွားသည်။ အထွေအထူး ဘာမှတော့မရှိပေမယ့် ဆရာတစ်ယောက် ဖြစ်တာကြောင့် Privacyကိုတော့ လေးစားမယ်ဆိုတာ သူယုံကြည်သည်။

အပြင်ဘက် လေထုနဲ့ တွေ့တော့မှ သူ့ရဲ့ဒေါသတွေအနည်းငယ် လျှော့ကျသွားသလို....နာနေတဲ့ လက်ဆစ်ကို မသိချင်ယောင်ဆောင်ရင်း အနီးဆုံး ကားမှတ်တိုင်ဆီ ခြေလျင် လျှောက်လာခဲ့လိုက်သည်။

နောက်က ကားဟွန်းတီးသံကြောင့် လှည့်မကြည့်ပဲနဲ့ကို ဆရာဖြစ်တဲ့ ထိုလူမှန်း Jeno ပြောနိုင်သည် ။ ဒါပေမယ့် သူလှည့်မကြည့်ပဲ ပလက်ဖောင်းပေါ်တက်လိုက်ကာ ​မသိချင်ယောင်ဆောင်ပြီး ဆက်လျှောက်တော့ ဘေးနားအထိ ယှဥ်ပြီးမောင်းလာတဲ့ ကားထဲက ဆရာက သူ့ကို ဂရုဏာမျက်ဝန်းတွေနဲ့ ကြည့်လာသည်။

*မုန်းလိုက်တာ အဲ့ဒီ့မျက်လုံးတွေကို မကြိုက်ဘူးဆိုတာ သိသိရက်နဲ့*

"Jeno "

ကားထဲက ခေါ်သံကြောင့် သူ လှည့်မကြည့်ဖြစ် ။
မကြားချင်ယောင်ဆောင်ပြီး လမ်းဆက်လျှောက်တော့ ကားရပ်လိုက်ပြီး လွယ်အိတ်ကို ကိုင်ကာ ကားပေါ်ကဆင်းလာတာကြောင့် Jeno လွယ်အိတ်ယူဖို့ ရပ်စောင့်နေလိုက်သည်။

"Jeno"

အသံဖျော့ဖျော့နဲ့ အဲ့ဒီ့လူရဲ့ ခေါ်သံတွေကို လျစ်လျူရှုကာ ​ရှောင်ထွက်ပြေးချင်နေမိသည်။

"ပေး အဲ့ဒီ့လွယ်အိတ်ကို"

လက်ထဲကလွယ်အိတ်ကို ဆတ်ကနဲ ဆွဲယူပြီး ခပ်သွက်သွက်လေး လျှောက်သွားတဲ့ Jeno နောက်ကို Renjun ဆက်မလိုက်တော့ပဲ ရပ်ကြည့်ရင်း ဘာကြောင့်မှန်းမသိ ပြုံးနေမိသည်။

-----------------------------------------------------

Jenoစိတ်ပျက်စွာ Busကား မှတ်တိုင်ကနေ Mark နေတဲ့ တိုက်ခန်းကို ရောက်လာခဲ့သည်။

လူခေါ်ဘဲလ် ဆက်တိုက်နှိပ်နေတာတောင် ထွက်မလာတဲ့ Markကို ဖုန်းခေါ်ကြည့်ဖို့ လွယ်အိတ်ထဲကို နှိုက်လိုက်တော့ ထူးဆန်းတဲ့ ဗူးလေးကို စမ်းမိတာကြောင့် ထုတ်ကြည့်လိုက်တော့ အနာလိမ်းဆေး ဖြစ်နေသည်။
ဘေးမှာ ဆော့ပင် အနီလေးနဲ့ မထင်မရှား ရေးထားတာက "ဆရာတောင်းပန်ပါတယ်" တဲ့

23-DAY(Complete) Where stories live. Discover now