Part-14

451 75 21
                                    

Renjunရဲ့စိတ်ကို Jenoသိသည် ။
Renjunက သူ့ကို Jisungကြောင့် ဒေါသထွက်ချင်ရင် အစောကြီးကတည်းက ထွက်မှာပဲ။

အခုက Jaeminဆိုတဲ့ သူကြောင့် မနိုင်မဲ မဲသွားတာဖြစ်သည်။

Flash back start....

အဲ့ဒီနေ့ သူတို့ကားပေါ်မှာ ရှိနေတဲ့ ညနေက Jeno နိုးလာတော့ Renjun ခြေထောက်နားက ကျနေတဲ့စာအုပ်လေးကို ဘာရယ်မဟုတ် လှမ်းကောက်လိုက်သည်။

ကော်ကပ်ထားတာ မခိုင်လို့ စာအုပ်ကြားထဲက ကျလာပုံရတဲ့ ဓာတ်ပုံခပ်နွမ်းနွမ်းလေးထဲမှာ တစ်ယောက်က ဆရာRenjunရဲ့ ပုံဖြစ်သည်။

အဲ့တုန်းက သွားတက်လေးတွေနဲ့ ရယ်နေခဲ့တဲ့ ဆရာက ကလေးသာသာ အရွယ်လေး။ ဆရာ့ဘေးက ကောင်လေးကတော့ ဆရာ့ပါးဖောင်းဖောင်းလေးတွေကို လက်ညိုးလေးနဲ့ ထိုးနေပြီး ဆရာ့ဘက်ကို ရယ်ကာ ကြည့်နေသည်။

ဓာတ်ပုံနောက်ဘက်ကို Jeno လှည့်ကြည့်တော့
Jaeminnieကို အရမ်းချစ်တဲ့Renဆိုတဲ့ ခပ်သော့သော့ လက်ရေးလေးတွေက ပျောက်ကွယ်လုနီးနီး။

Jenoလက်ထဲက စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာကိုလှမ်လှောလိုက်တော့....။

Page-1

ဒီနေ့ညနေ Jaeminက ချိန်ထားလို့ ကျောင်းနောက်က မေဘယ်ပင်အောက်ကို ငါအစောကြီးရောက်နေခဲ့တယ်။ Jaeminnie က ငါ့ရဲ့ပထမဆုံး အလယ်တန်းကျောင်းက သူငယ်ချင်းပဲ။ ပြီးတော့ ပထမဆုံး တွေဖန်တီးပေးခဲ့တဲ့ တစ်ဦးတည်းသော လူသားလေး.....

"Ren စောင့်ရတာကြာသွားလား ကိုယ်အားကစားချိန်ဝင်လိုက်လို့"

"မကြာပါဘူး ငါလည်းအခုနက လေးတင်မှ ..."

ငါက လက်လေးတွေကို ပွတ်တိုက်နေခဲ့ပြီး Jaemin က ငါ့​​ရှေကိုထပ်တိုးလာလို့ ငါအရမ်းလန့်သွားခဲ့တာ။

Jaeminnie က နဖူးစည်းလေးတပ်ထားပြီး ဘက်စကတ်ဘော ဝတ်စုံလေးနဲ့ အရမ်းလိုက်ဖက်ပြီး ချောနေခဲ့တာ ။

ပြီးတော့ ငါ့ရဲ့မေးစေ့ကနေ ငါ့မျက်နှာကို သူက ဆွဲမော့လိုက်တယ် ။

နောက်ပြီးတော့ ဇာတ်လမ်းတွေထဲကလိုပဲ သူရဲ့ မျက်နှာက ငါ့မျက်နှာနားကို တိုးကပ်လာလို့ ငါမျက်လုံးကိုအမြန်မှိတ်ချလိုက်တာ ။

23-DAY(Complete) Where stories live. Discover now