Part-17

370 66 15
                                    

Unicode

ကျွန်တော့်ရဲ့စိတ်တွေမရေရာ....

ဒီကောင်လေးအပေါ် မရိုးမသားဖြစ်လာတဲ့ ကျွန်တော့စိတ်တွေကို မထိန်းချုပ်နိုင်သည်မှာလည်း အံသြစရာကောင်းလှသည်။ ပြီးတော့ ကြောက်ဖို့လည်းကောင်းလှသည်။

ခုန်နေတဲ့နှလုံးသားကို လျစ်လျူရှုရင်း ကျွန်တော်ကုတင်ပေါ် အသာထိုင်ချလိုက်သည်။ အကယ်၍သာ သူ့မျက်နှာကို မရှောင်ဖြစ်ခဲ့ရင် ဒီကောင်လေးရဲ့နှုတ်ခမ်းပါးလေးတွေက သူ့နှုတ်ခမ်းပေါ်နေရာယူလာနိုင်မလား....

အတွေးမဆုံးခင် မျက်လုံးထဲပေါ်လာသည်က Jenoက Jisungnie ကို နမ်းနေခဲ့တဲ့ပုံရိပ်ဖြစ်ပြီး ရောထွေးစွာထပ်ပြီး အတွေးထဲပေါ်လာတဲ့ပုံရိပ်က သူ့နှုတ်ခမ်းတွေကို နူးနူးညံ့ညံ့ နမ်းလာတဲ့ Najaemin ရဲ့နှုတ်ခမ်းပါးတွေ...ဆိုဂျူးသောက်လာတဲ့အရှိန်တွေ ဖြစ်လိမ့်မည်။

Renjun အခန်းမီးကိုပိတ်လိုက်ပြီး စောင်ကိုခေါင်းအထိခြုံထားကာ ခြေထောက်လေးတွေကွေးပြီး အတွေးတွေကိုပျောက်သွားအောင် အိပ်ဖို့ကြိုးစားကြည့်သည်။

ရုတ်တရက် ပါးပြင်ကိုထိတွေ့ထားတဲ့ပူပူနွေးနွေးနှုတ်ခမ်းပါးကို မြင်ယောင်လာတော့ သူ့မျက်လုံးတွေ ပြန်ဖွင့်လိုက်ရသည်။

Ting Tong~

ရုတ်တရက် ခြံတံခါးဆီမှ Bell တီးသံကြောင့် Renjun အိပ်ခန်းထဲက ထွက်ဖို့ပြင်ရသည်။ သူ့ထက်အရင်အိမ်ရှေ့တံခါးကိုဖွင့်ကြည့်နေပုံရတဲ့ Jeno ကြောင့် သူအေးအေးဆေးဆေး မျက်မှန်လေးတပ်ကာ နောက်ကလိုက်ထွက်လာတော့ ခြံရှေ့ကလူကိုမြင်ပြီး မျက်မှောင်တွေ​ကျုံ့ပစ်လိုက်ရသည်။

Jenoက နောက်ကထွက်လာတဲ့ သူ့ကို လှည့်ကြည့်တော့ Renjunက Jenoကို မျက်လုံးချင်းမစုံရဲစွာတစ်ဖက်သို့လှည့်လိုက်ပြီး ခြံတံခါးအနားထိ လျှောက်သွားလိုက်သည်။

"ဘယ်အချိန်ရှိနေပြီလဲ Jemin ရူးနေပြီလား ​ှောက်ယှက်လို့မဝသေးဘူးလား"

"Jenoက ဘာလို့မင်းဆီရောက်နေတာလည်း"

"ဒါက ငါ့အပိုင်းပါ မင်းကရော ဒီအချိန်ကြီးကျမှ ဘာလို့ ငါ့အဆောင်ရှေ့လာနှောင့်ယှက်နေရတာလည်း"

23-DAY(Complete) Where stories live. Discover now