Part-16

370 69 13
                                    

ဒီနေ့ညနေ ဆရာ့အိမ်မှာ အချိန်ပိုသင်ဖို့ Jeno သွားရနိုးနိုး.... မသွားရနိုးနိုး... ကုတင်ပေါ် ပက်လက်လှန်ရင်း စဉ်းစားနေသည်မှာ နာရီဝက်လောက်ရှိပြီ။

အဆောင်မှာရှိနေတဲ့ Mark ကလည်း သွားဖို့စိတ်ကူးရှိပုံမပေါ် ....။ Markတောင် ဒီလိုဖြစ်နေရင် ကျန်တဲ့သူတွေက ပိုဆိုးနေမှာပဲ...။

Jeno သရေဂျာကင်အနက်ကိုထပ်ဝတ်လိုက်ကာ လွယ်အိတ်ကို လျှိုသွင်းရင်း ဆိုင်ကယ်သော့ယူကာ အဆောင်ကနေဆိုင်ကယ်ကို အကြမ်းပတမ်း မောင်းထွက်ခဲ့သည်။

သူ့ရဲ့ဦးတည်ရာနေရာကတော့ ဆရာRenjun ရဲ့အဆောင်ဆီသို့ မဟုတ်ပါ...။စိတ်ပျော်ရွှင်စေရာ အခြားတစ်နေရာသို့သာ....။

99 BAR

ဒါက ဂျဲနိုတို့အဖွဲ့ဆုံစည်းနေကြနေရာဟုလည်းဆိုနိုင်သည်။ ဒါပေမယ့် အခုတော့ အဖွဲ့လိုက်မဟုတ်ပဲ တစ်ယောက်တည်း ရောက်နေခြင်း။

"ဟ ဂျဲနို လာတယ် ငါတို့ Bar ဒီနေ့လူစည်တော့မှာပဲ "

အဖျော်ဆရာက ဂျဲနိုကိုရှိတ်နေတဲ့ကလေးမတသိုက်ကိုမျက်စပစ်ပြရင်း မြောင်းဖောက်ပေးလို့နေသည်။

"ပြင်းပြင်းလေးတစ်ခွက်လောက်"

ဂျဲနိုက အဖျော်စရာရှေ့ကခုံမှာ ဝင်ထိုင်လိုက်ပြီး က နေတဲ့လူတွေကြားထဲ မျက်လုံးဝေ့ကစားလိုက်သည်။ သူ့အာရုံထဲဝင်လာတဲ့ ရင်းနှီးတဲ့မျက်နှာပိုင်ရှင်ကြောင့် သူ့ဦးနှောက်ကို အလုပ်ပေးလိုက်တော့...

"Na Jaemin?''

သူလိုနာမည်ကြီး ပါမောက္ခဆရာဝန်တစ်ယောက်က ဒီလိုလူမျိုးစုံ စည်ကားနေတဲ့ Barထဲ ရှိနေသည်က ထူးဆန်းသည်ပင်။

သူ့ရှေ့လာချပေးသော ကော့တေးခွက်ကို ဟန်ပါပါကိုင်ပြီးဖြည်းဖြည်းချင်း ငုံကာလည်ချောင်းထဲ ပူဆင်းသွားသည်အထိ မျှောချလိုက်သည်။

ထိုသူက Jenoကို မမြင် ဖုန်းပြောရင်း က နေတဲ့ လူတွေကြားကနေ အပြင်သို့ထွက်သွားသည်။

သိချင်တာ ရှိနေတာကြောင့် မေးကြည့်ဖို့ ထိုJaemin ဆိုသူနောက်ကို Jeno ထ လိုက်သွားလိုက်သည်။

အပြင်ရောက်မှ မြင်လိုက်ရသောမြင်ကွင်းကြောင့် Jenoအလျင်အမြန် တိုင်တစ်တိုင်ရဲ့ နောက်ကို ကျောကပ်ပြီးကွယ်ကာပုန်းနေလိုက်ရသည်။

23-DAY(Complete) Where stories live. Discover now