Part - 24(Final)

365 44 5
                                    

''Jeno ဒါကဘာလဲ''

Jeno အင်္ကျီလျှော်ဖို့ အဝတ်လျှော်စက်ထဲ အဝတ်တွေ ထည့်နေတဲ့ Renjun ဆီက အော်သံကြာင့် Jeno အနားက ရပ်နေရင်း ခါးတစ်ချက်မတ်လိုက်မိသည်။

သူ့ချစ်ရသူထံမှ ငေါက်သံအနည်းငယ်ပါလာတာ​​​ကြောင့် တစ်ခုခုကိုစိတ်ဆိုးနေတာတော့သေခြာသည်။

''ဘာလို့လဲ Ren ..''

''ဒီဆေးတွေလေ မသောက်ပဲ ဘာလို့ ဒီအိတ်ကပ်ထဲရောက်နေတာလည်း...."

အော်သံအဆုံးတိမ်ဝင်သွားတဲ့အသံငယ်လေးကြောင့် Jeno ငိုလုဆဲဆဲ ဖြစ်နေတဲ့ဆရာသေးသေးလေးကိုဆွဲဖက်ထားလိုက်သည်။

''မဟုတ်ဘူးRen ရယ်...အဲ့တာက ကျွန်တော် ရှင်းပြမယ် ''

''မင်းငါ့ကိုထားခဲ့ချင်နေပြီလား JenoLee....''

ရင်ခွင်ထဲက ငိုနေရင်း ရှိုက်သံနဲ့မေးလာတဲ့ဆရာသေးသေးလေးက Jenoရဲ့ခါးတွေကိုလည်း တင်းနေအောင်ဖက်ထားသေးသည်။

''ကျွန်တော်ထားခဲ့ချင်ပါ့မလား ကိုကိုရယ်.. ''

''မင်းကိုငါ မနက်ဖြန်လောက်ပဲဖြစ်ဖြစ် အတူရှိနေစေချင်သေးတယ် Jeno...ငါလေ... နောက်နှစ်တွေ.. အနာဂတ်တွေ...မင်းနဲ့ဘယ်လိုအတူရှိနိုင်မလဲဆိုတဲ့ အတွေးထပ် မနက်ဖြန်မှာ မင်းနဲ့ဘယ်လိုဖြတ်သန်းကြမလဲပဲ တွေးချင်တာ...ငါကလေ...မင်းဆေးတွေဝင်အောင်သောက်ပြီး ငါချက်ကြွေးတဲ့ နေ့လည်စာတွေ မင်းစားကုန်သွားတာတွေကို အရမ်းသဘောကျတာပဲ...ငါကမင်းကို အခုလောက်လေး နီးကပ်နေရရင်ကိုသဘောကျတာ...''

''ကျွန်တော်ကြောက်တယ် Ren...''

''ကိုယ်နားလည်ပါတယ်....ဒါပေမယ့် မနက်ဖြန်တွေတော့ အတူရှိရအောင်လေ နော်..မင်းကိုကိုနဲ့ နည်းနည်းလောက်ဖြစ်ဖြစ်အတူမနေချင်ဘူးလား...''

''နောက်နေ့တွေ ကျွန်တော်ဆေးတွေ လိမ်လိမ်မာမာ သောက်ပါ့မယ်...''

Jenoသူ့ရင်ခွင်ထဲက ဆရာသေးသေးလေးရဲ့ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
မော့ကြည့်လာတဲ့ဆရာသေးသေးလေးကလဲ ခြေဖျားထောက်လို့ သူ့နှုတ်ခမ်းတွေကို နမ်းလာခဲ့သည်။

အဝတ်လျှော်ပြီး နေ့လည်စာချက်နေတဲ့အချိန်မှာတော့ ဆရာသေးသေးလေးရဲ့အနောက်ကနေ လိုက်ပြီး ပူးကပ်ပွတ်သပ်နေတဲ့ကောင်ငယ်လေးကို Renjunဘာမှမပြောနိုင်တော့ပဲ ကပ်သပ်ပြီး နေ့လည်စာကိုရအောင်ပြင်ဆင်နေရသည်။

23-DAY(Complete) Where stories live. Discover now