Part-9

443 73 16
                                    

Unicode

ကျောင်းအားကစားကွင်းဘေးက မျက်ခင်းပေါ်မှာခြေဆင်းထိုင်နေတဲ့ ကောင်လေးနှစ်ယောက်...

တစ်ယောက်ကတော့ မျက်စိရှေ့က ရေအိုင်လေးကို ငေးပြီး တွေးတောနေပေမယ့် ကျန်တဲ့ကောင်လေးတစ်ယောက်ကတော့ တရှုံ့ရှုံ့ငိုရင်း တစ်သျှူးလေးဖြင့် မျက်ရည်လေးတွေဖိသုတ်နေသည်။

"မင်းထပ်ငိုရင်အဲ့လူကိုငါသွားသတ်မိတော့မယ်နော် Park Jisung"

"အင့် အီးဟီးးးး မင်းကပါ ဘာလို့ငါ့ကိုအော်တာလဲ ငါလန့်ပြီးလူတွေအများကြီးရှေ့မှာငိုမိတော့မလို့ "

"မင်းက သေမလို သူ့ရှေ့မှာ လူ'အ'ကြီးလို ဘာမှမပြောပဲရပ်နေတာလေ။ ငါစောက်သဲပေါက်လာလို့ထပြောတာ မင်းသာတစ်ခုခုပြန်ပြောရင်တောင် ငါဝင်ပါမိမှာမဟုတ်ဘူး"

"ငါ့အမှားလည်း ဟုတ်နေတာပဲလေ စီနီယာ့ကို ငါကိုယ်တိုင် ထမင်းအတူစားဖို့ ကမ်းလှမ်းပြီး ငါကအရင်ထ ထွက်လာလိုက်တော့ Hyg စိတ်ထဲ တစ်မျိုးထင်သွားတာနေမှာပေါ့ ပြီးတော့ Hyg ပြောသလိုဦးလေးငယ်လဲရှိနေတာကို ငါက ကလေးဆန်မိတာ တကယ်က ငါ့အမှားပါပဲ"

Jisung က ငိုထားလက်စ မျက်လုံးမို့အစ်အစ်လေးတွေနဲ့ Chenle ကိုသေခြာရှင်းပြပြီး မောသွားပုံရသည်။

Chenle က စိတ်ထဲမှာ ဒီကောင်လေးကို ထပ်မငိုဖို့ပဲအကြိမ်ကြိမ်တားနေမိသည်။ ထပ်ငိုအောင်လဲ သူမလုပ်ချင်တော့ ဒါပေမယ့် သူဒီကောင်လေးကို အမှန်တရားက ဘာဆိုတာ ပြောပြချင်သည်။

" သူ့ဘေးနားက ထိုင်နေတဲ့ Nayoon nonaကြောင့် ထမင်းတောင်အတူတူ စားချင်သပဆိုပြီး ဖိတ်ခေါ်ထားတဲ့သူနဲ့တောင် အတူမစားနိုင်လောက်အောင်ဖြစ်​​ပြီး မင်းကထွက်လာရတာလေ"

"Chenle.... "

Chenle အစကတော့ သူမြင်ခဲ့တာတွေအကုန်ပြောဖို့စိတ်ကူးမရှိပေမယ့် Jisung က သူ့လူကို ကာကွယ်​ပြီးပြောနေတဲ့ အချိန်ကြောင့် အမှန်တရားကိုလက်ခံအောင် ပြန်ပြောပြနေရ​ခြင်းသာ ဖြစ်သည်။

"ငါက မင်းကို ဒီအတိုင်းလွှတ်ပေးထားရလောက်တဲ့အထိ စိတ်မမာသေးဘူး Jisung"

23-DAY(Complete) Where stories live. Discover now