Part-12

421 93 13
                                    

(သုံးယောက်ပဲလိုတော့လို့Up ပေးလိုက်ပါပြီ 💙)

Unicode

Jeno သူငယ်ချင်းတွေနဲ့ အဆောင်ပြန်လာပေမယ့် စိတ်အရမ်းညစ်နေတာကြောင့် ဆိုဂျူးတစ်ဖာ ဝယ်လာ​ပြီး Yutaရဲ့အခန်းထဲ ထိုင်သောက်နေမိသည်။

သူငယ်ချင်းဖြစ်သူတွေကလဲ သူ့စိတ်ကို သိနေကြတဲ့ငယ်ပေါင်းတွေ ဖြစ်တာကြောင့် အားလုံးက မတားပဲသူတို့ဘာသာ ဘေးအခန်းကို ပြန်ကြသည်။

Markက သူနဲ့အတူ လာထိုင်နေပြီး ဆိုဂျူးပုလင်းကိုငှဲ့ပေးသည်။

"မင်းအမှားမဟုတ်ပါဘူး Jeno"

သူငှဲ့ပေးလာတဲ့ခွက်ကိုJeno ယူမော့လိုက်ပြီးဘာမှပြန်မပြောဖြစ်။

"အများကြီး မတွေးပါနဲ့ အရင်ကတည်းက ငါပြောပြချင်နေခဲ့တာ... ငါလည်းမင်းလိုမျိုးပဲJenoရ
.. ဒါက ငါတို့ဘဝပဲလေ။ ငါတို့မိဘတွေကိုငါတို့ရွေးချယ်လို့မရဘူး။ ငါတို့ကိုလဲ မိဘတွေက ရွေးချယ်​ပြီး​မွေးဖွားခဲ့တာမဟုတ်ဘူး။ အရာအားလုံးက ကံကြမ္မာက ဖန်ဆင်းပေးလိုက်တာ။ ဒါကြောင့်မို့လို့ မင်းမိဘတွေကိုလဲ အပြစ်မတင်ပါနဲ့။ မင်းကိုယ်မင်းလဲအပြစ်မတင်ပါနဲ့။ မင်းမှာ အဖေ​ရော အမေရော ရှိသေးတယ် အဲ့တာကိုကဂုဏ်ယူစရာပဲ ။ ပြီးတော့ နှစ်ယောက်လုံးကလဲ မင်းကိုအရမ်းချစ်ကြတယ်လေ"

Jeno ကဘာမှမပြောပဲ ၆ပုလင်းမြှောက် ပုလင်းကိုမော့ချကာ ယိုင်တိုင်တိုင်နဲ့ အဆောင်ရှေ့ဝန်တာလေးနားထွက်ပြီး ကောင်းကင်က မြင်နေရတဲ့ လမင်းကြီးကို ငေးနေသည်။

"Jeno ဖုန်းလာနေတယ်"

Jenoဖုန်းက အမည်မသိနံပါတ်ကြောင့် Markက Jenoကိုဖုန်းပေးလိုက်သည်။

Jeno ဖုန်းကိုင်ပြီး ဘာစကားမှမပြောသေးပဲ လမင်းကြီးကိုသာ ဆက်ငေးရင်း ဖုန်းကို နား အနားကပ်ထားလိုက်သည်။

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

လေးစက္ကန့်

Jeno အသက်ရှူသံခပ်ပြင်းပြင်းကို ကြားလိုက်တော့မှတစ်ဖက်က အသံလေးထွက်လာသည်။

"Jeno....အဆင်ပြေရဲ့လား"

"ကျွန်တော်လား အဖေလား "

23-DAY(Complete) Where stories live. Discover now