Part-4

553 90 9
                                    

Unicode

" အကို "

" အကို "

​ရှေ့က လေဟာနယ်ထဲ ခေါ်သံလေးကြောင့် Renjun အသဲအသန် လိုက်ရှာနေမိသည်။

ဒါ သူမြတ်နိုးရတဲ့ သူ့ရဲ့ ခေါ်သံလေးဆိုတာ သူ့နားထဲမမေ့မလျှော့ပဲ သတိတရ ကျန်ရှိနေဆဲပဲ။

"မင်းဘယ်မှာလဲ......ငါမင်းကိုမမြင်ရဘူး "

"ကျွန်တော်ဒီမှာလေအကို ကျွန်တော့်ဆီ လာခဲ့ပါ "

လေဟာနယ်ကြီးထဲမှာ ပတ်ချာလည်ပြီး ရှာဖွေနေပေမယ့် အသံလားရာကို Renjunမသိ အသဲအသန် ရှာဖွေနေမိသည်။

"အကို့ကို ကျွန်တော်ချစ်တယ် "

"ကိုယ်....."

ပြောချင်တဲ့စကားကို ထုတ်ပြောဖို့ ဝန်လေးနေတဲ့အချိန်  ပျောက်ကွယ်သွားတဲ့ လေဟာနယ်ကြောင့် Renjun အိပ်မက်မှန်း သိလိုက်သည်။

မျက်လုံးကို အားယူဖွင့်လိုက်တော့ ကားတံခါးတွေ အကုန်ဖွင့်ထားပြီး လေအေးပေးစက်ကိုပါ အဆုံးထိဖွင့်ထားတာကြောင့် အဖြစ်အပျက်တွေကို ပြန်တွေးကြည့်လိုက်ပြီး တရားခံ Lee Jenoကိုသာ ဝေ့ရှာလိုက်မိသည်။

သကောင့်သားက နောက်ခန်းက ခုံ​ပေါ်မှာ ကျကျနန အိပ်နေတာကြောင့် ကားတံခါးတွေကို လိုက်ပိတ်ဖို့ဆင်းလိုက်သည်။

Renjun ကားပေါ်က ဆင်းလိုက်တော့ ခေါင်းက မူးရိပ်ရိပ်လေး ကျန်သေးတာကြောင့် သတိထားဆင်းလိုက်ပြီး ကားတံခါးတွေ ပြန်လိုက်ပိတ်ကာ နောက်ခန်း က Jeno ခြေထောက်ကို ခြေသလုံး​ကနေ တစ်ချက် လှုပ်နှိုးလိုက်သည်။

'' ထတော့ Jeno "

ကျေးဇူးရှင်က အိပ်နေတာ မဟုတ်ပဲ အိပ်ချင်ယောင်ဆောင်နေပြီး ဒူးလေး ကွေးပေးလိုက်သေးသည်။

"Lee Jeno ထတော့ ငါအဆောင်ပြန်ရအုံးမှာ မင်းနောက်အတန်းချိန်တွေ သွားမတက်ဘူးလား "

"အွန်း ကျွန်တော် နေမကောင်းဘူး ဆရာ "

Renjun သူ့ကို မထီမဲ့မြင် တချိန်လုံးလုပ်နေခဲ့တဲ့ကောင်လေးဆီက အားနည်းပြီး ပြောနေတဲ့ လေသံနဲ့ ဆရာလို့ပါ ထည့်ခေါ်ပြီး လူလည်ကျချင်နေတာကြောင့် ဘာမှဆက်မပြောတော့ပဲ ကားတံခါးတွေကိုသာ ဂရုစိုက် ပိတ်ပြီး အဆောင်ကိုသာ မောင်းခဲ့လိုက်သည်။

23-DAY(Complete) Where stories live. Discover now