Part-20

425 72 16
                                    

Unicode

Jenoထွက်သွားတော့ Renjunခုံပေါ်ကိုစိတ်ပျက်စွာထိုင်ချပြီး မျက်နှာကိုလက်ဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင် အော်ငိုပစ်လိုက်သည်။

"Ren ... "

"ငါ့ကိုဘာစကားမှမပြောနဲ့''

Jaemin လက်က အပ်ကိုဆွဲဖြုတ်လိုက်ကာ ကုတင်ပေါ်ကဆင်းပြီး Renjunရှေ့ရပ်ကာ အပေါ်ကနေအုပ်မိုးပြီး ဖက်ထားပေးသည် ။

တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ကောင်လေးက အခြားတစ်ယောက်ကို ချစ်နေပြီလို့ ဝန်ခံလိုက်တဲ့အချိန် NaJaemin အတွက် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပဲ...ဒါပေမယ့်ချစ်ရသူပျော်ရွှင်ရမယ်ဆိုရင် သူလက်လွှတ်ပစ်လိုက်ရလည်း အဆင်ပြေပါတယ် ။

"ငါတောင်းပန်ပါတယ် Ren မင်း Jenoအပေါ်စိတ်ရှိနေလိမ့်မယ်မထင်ခဲ့လို့ ငါ့အပြုအမူတွေရိုင်းပြပြီး အထင်လွှဲစရာတွေ ဖြစ်သွားစေမိတယ်"

"မဟုတ်တာ...ငါကတောင်းပန်ရမှာပါJem''

Jem တစ်ချိန်ကလည်း သူခေါ်ဖူးတဲ့ Jemဆိုတဲ့နာမည်လေးက Ren နှုတ်ဖျားကထွက်ကျလာပြီမို့ ဒီလောက်ဆိုရင်တောင် လုံလောက်ပါပြီ။

"Jenoက အရမ်းဆိုးတာ မင်းထိန်းနိုင်ပါ့မလား"

Jaeminကရယ်စစနဲ့ ပြောတော့ Renjunက ငိုနေရင်းက ခေါင်းလေးငြိမ့်ပြသည်။

"အဲ့ကလေးကို ငါမထိန်းနိုင်ဘူးလို့ မင်းထင်လို့လား"

Renjun မော့ပြီးပြောလိုက်တော့ Jeminနဲ့သူအကြည့်ချင်းဆုံပြီး ရယ်မိလိုက်ကြသည်။

တစ်ချိန်ထဲမှာပဲ Basketball ကွင်းထဲမှာ အကြိတ်အနယ် ရန်ဖြစ်ခဲ့ဖူးတဲ့ Renjunပုံရိပ်လေးက ပေါ်လို့လာသည်။

အဲ့တုန်းက တရုတ်ပြည်က ကျောင်းပြောင်းလာတဲ့ ပုပုသေးသေး ကောင်ငယ်လေးဟာ စိတ်ကြီးပြီး ဒေါသထွက်လွယ်လွန်းလို့ ရန်ပွဲတိုင်းလိုလို သူ့သတင်းက မပါမဖြစ်။

နောက်ပိုင်းJaeminနဲ့ တိုက်ရိုက်ဆုံဖူးတဲ့ အခါ ရန်လုပ်တတ်တဲ့ ကောင်ငယ်လေးဟာ ကြောင်ပေါက်လေးလိုငြိမ်သက်နေပြီး Jaeminကို သူ့သခင်တစ်ယောက်လို ချက်ချင်းပြုံးရယ်လို့ ပြခဲ့တဲ့ သွားတက်လေးတွေက Jaeminအတွက် ရင်ခုန်ခြင်းတို့ အစပျိုးခဲ့ရာ~~

23-DAY(Complete) Hikayelerin yaşadığı yer. Şimdi keşfedin