Part-2

601 94 13
                                    

Unicode

Renjun ကားကို စနစ်တကျရပ်ပြီး စာသင်ရမည့်အတန်းဘက်သို့ လျှောက်လာလိုက်သည်။

ပထမ အတန်းချိန် သင်​နေတာ ပြီးခါနီးမို့ အခန်း ရှေ့မကျတကျ သစ်ပင်ရိပ်လေးအောက်က ခုံတန်းလေးမှာ ထိုင်စောင့်နေမိသည် ။

ခပ်လှမ်းလှမ်းက လျှောက်လမ်းကနေ လာနေတဲ့ ပါမောက္ခချုပ်ကြီး Johnက ကျွန်တော့်ဆီကိုလာနေတာကြောင့် ကျွန်တော် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။

" ဆရာလေး Renjun အတန်းချိန် တစ်ခါတည်းဝင်တော့မှာလား"

"ဟုတ်တယ် ကျွန်တော်က တခြားဆရာတွေထက် တပါတ်လောက် စာတွေနောက်ကျထားတော့ ရောက်တဲ့ ရက်ပဲဖြစ်ဖြစ် စောလေ ကောင်းလေမို့ တစ်ခါတည်းဝင်သင်လိုက်တော့မလို့ပါ ပါမောက္ခကြီး "

"နောက်ကျတာ ဟိုဘက်ကဖျက်မရတဲ့ အလုပ်တွေကြောင့်မှန်း ကျွန်တော်နားလည်ပါတယ်"

"နားလည်ပေးတာပဲ ကျေးဇူးတင်လှပါပြီဗျာ"

" မဟုတ်တာ ဒီကျောင်းအတွက် အကူအညီလိုအပ်နေတဲ့အချိန် အရောက်လာတာကိုပဲ ကျွန်တော်တို့ကဆရာလေးRenjun ကိုကျေးဇူးတင်နေရတာ ။ ဒါနဲ့အတန်းထဲက ကလေးတွေ list ကြည့်ပြီးပြီလား"

"ဟုတ် မနေ့ညကတော့ ပါမောက္ခပို့ပေးထားတဲ့ File ထဲကနေ နဲနဲ ကြည့်ခဲ့သေးတယ်"

ပြောနေရင်း အချိန်ပြောင်း electric bell သံကြောင့် ပါမောက္ခ John က Renjun နဲ့စကားပြောနေတာ ရပ်လိုက်ရသည်။

"ကဲ ဒါဆို တာဝန်ကျေလိုက်ပါအုန်း "

"ဟုတ်ကဲ့ ပါမောက္ခကြီး နောက်အတန်းချိန်ပြီးရင် ကျွန်တော်ရုံးခန်းကို လာနှုတ်ဆက်ပါအုံးမယ်"

"ဟုတ်ကဲ့ ကောင်းပါပြီခင်ဗျာ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"

ပါမောက္ခ Johnny ထွက်သွားမှ Renjunလဲ အတန်းဘက်ကို လျှောက်လာမိသည်။

ဆရာဝင်လာသည်ကိုတောင် တစ်ယောက်မှ ဂရုမစိုက်ပဲ လုပ်ချင်ရာ လုပ်နေကြတဲ့ ဒီအတန်းဟာ ဘယ်လောက် ဂျစ်ကန်နေမလဲဆိုတာ ခန့်မှန်းမိလိုက်သည်။

စာတက်သင်ရမယ့် stage ပေါ်ရောက်သည်အထိ တစ်ယောက်မှ နှုတ်ဆက်ဖို့ မလုပ်တာကြောင့် Renjunကပဲ အရင်နှုတ်ဆက်ဖို့ stageအလယ်တည့်တည့်မှာရပ်ပြီး အခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်သည်။

23-DAY(Complete) Where stories live. Discover now