Part-15

531 60 16
                                    

"ငါ ဆေးလိပ်သွားသောက်လိုက်အုံးမယ် Jeno"

Mark က Jeno ကြားရုံမျှ ခပ်တိုးတိုး လှမ်းပြောတာကြောင့် Jeno ခေါင်းအသာငြိမ့်ပြလိုက်သည်။

Taeyong ကတော့ လက်ထဲက အင်္ဂလိပ် ဘာသာနဲ့စာအုပ်ကိုသာ သဲကြီးမဲကြီး ဖတ်လို့နေသည်။

Mark က ခေါင်းအုံးအိပ်ထားတဲ့ Hoodie အင်္ကျီကောက်စွတ်ပြီး ဆေးရုံခန်းထဲက ထွက်သွားသည်။

သူခေါင်မိုးထပ်ရောက်တော့ အိပ်ကပ်ထဲက ဆေးလိပ်ဗူးကိုထုတ်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့လိုက်သည်။ ဂျင်းဘောင်းဘီထဲက မီးခြစ်ကိုစမ်းတော့ ပါမလာ။

သူ့မျက်မှောင်တွေကျုံ့လိုက်ရင်း နှုတ်ခမ်းမှာခဲထားသည့်ဆေးလိပ်ကို ပြန်ထုတ်ဖို့အလုပ်မှာ ဆေးလိပ်နားကပ်လာတဲ့ ရွှေအိုရောင်မီးခြစ်လေး။ တစ်ခါတည်းခြစ်ပေးပြီး မီးတောက်တို့ကိုဆေးလိပ်ထိအောင်လာညှိပေးသည်။

ဆေးလိပ်ကို အသာရှိုက်ပြီး ဖွာရင်းမှ မီးခြစ်ပိုင်ရှင်ကို ကျေးဇူးတင်ဖို့ လှည့်ကြည့်လိုက်တော့ Markမျက်လုံးတွေက စူးစိုက်ကြည့်ပြီး ​ပြန်ငြိမ်ကျသွားသည်။

"Lee Taeyong?"

Mark က ဆေးလိပ်ထိပ်ပြာလေးကိုအသာတောက်ချလိုက်ကာ Taeyong ဘက်ကိုလှည့်ကြည့်ရင်းမေးသည်။

"ဘယ်လိုဖြစ်ပြီး ဆေးလိပ်သမားက မီးခြစ်ကျန်ခဲ့ရတာလဲ"

Taeyongက အပြုံးခပ်ဖျော့ဖျော့လေးနဲ့ သူ့ဘေးနားလာယှဥ်ရပ်သည်။

"အဲ့ဒီမေးခွန်း ငါက မေးရမှာမဟုတ်ဘူးလား။ စာအုပ်သမားဆီမှာ ဘာလို့ မီးခြစ်ရှိနေရတာလဲ။ ပြီးတော့ အခုနကအထိ စာအုပ်ဖတ်နေတဲ့လူက ဘာလို့ငါ့ဘေးရောက်နေသလဲဆိုတာ"

Markက ဆေးလိပ်တစ်ဖွာကိုရှိုက်လိုက်ပြီး အရှေ့ဘက်ကိုပြန်ငေးနေလိုက်သည်။

"မင်းကြောင့်လေ"

တိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်မှာ သူ့ရဲ့ဆေးလိပ်ငွေ့တွေသည်သာရွေ့လျားနိုင်တဲ့သက်ရှိလေးတွေလိုမျိုး သူTaeyong ကိုပြန်လှည့်မကြည့်ပဲ လေးလံစွာနဲ့ စကားပြန်ပြောမိသည်။

23-DAY(Complete) Where stories live. Discover now