Part-13

424 75 11
                                    

Johnnyက အရေးပေါ် သွေးလှုံ့ဆော်မှုကြောင့် ဦးနှောက်သွေးခဲတာကို ခွဲစိတ်ဖို့ ညတွင်းချင်းပြင်ဆင်လိုက်ရတာဖြစ်သည်။

ခွဲစိတ်ဆရာဝန်တွေ သွေးလိုအပ်လို့ ဒုက္ခရောက်နေတဲ့အချိန် ဒီဆေးရုံရဲ့ ဥက္ကဌဖြစ်တဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်က သွေးလှူဒါန်းပေးနိုင်တယ်ဆိုတဲ့ သတင်းက ကိုးရီးယားတစ်နိုင်ငံလုံးအထိ ပျံ့နှံ့သွားပြီး social media နဲ့ လူမှုကွန်ရက်တွေမှာပါ တဟုန်ထိုး သူ့သတင်းတွေနဲ့ပြည့်နက်နေသည်။

Markက သတင်းကိုဖတ်ပြီး Jenoဝင်လာသည်ကိုအထူးတဆန်း ကြည့်နေသည်။

"ဘာလို့ အဝတ်မပါ ကိုယ်ဗလာနဲ့ ထွက်လာတာတုန်း"

"မင်းကြောင့်လေ မေဘေးလေးရဲ့ ငါကမင်းထင်လို့ စောင်ကိုဆွဲချလိုက်တာ ပြုတ်ကျသွားပြီ"

Markက မျက်မှန်အောက်က မျက်လုံးလေးတွေက အပြူးသားဖြစ်သွားသည်။

"ဘာ...ဘာပြုတ်ကျသွားတာတုန်း"

Jenoက Markမေးသည်ကို ပြန်မဖြေပဲ Markရဲ့ အဝတ်စင်ပေါ်က သူနဲ့တော်မယ့် Tee တစ်ခုကိုကောက်စွတ်လိုက်သည်။

နောက်ပြီး သူဟိုတနေ့က ရေချိုးပြီး လှန်းထားခဲ့တဲ့ ဘောလုံးဘောင်းဘီ ကိုပါ လျှိုစွပ်လိုက်သည်။

"မင်း အတွင်းခံမဝတ်ဘူးလား အဲ့တိုင်းဘောလုံးဘောင်းဘီပဲ..."

Markက Jenoအဝတ်အစားလဲနေတာကို သေခြာစိုက်ကြည့်ပြီး ပြောလာတာကြောင့် Jenoရယ်ချင်သွားရသည်။

"ဝတ်လာတယ်အဖေရေ ဒီမှာ "

Jenoက ဘောလုံးဘောင်းဘီကို ခါးအောက်အနည်းငယ်လျှောချပြလိုက်မှ Markက ခေါင်းတငြိမ့်ငြိမ့်နဲ့စိတ်အေးသွားသလို လုပ်​ပြသည်။

"အဲ့တော့ဆရာက ပြုတ်ကျသွားတာလား "

"အေး သူကဘယ်ချိန်ထဲက ရောက်နေတာတုံး "

"ညကတည်းက "

"ဘာ! ! !''

''ဖြည်းဖြည်းအော်စမ်းပါ မေဘေးလေးကလဲ "

Jaehyunရေချိုးခန်းထဲက ထွက်လာတော့ Jeno ကို တချက်လှမ်းကြည့်ပြီး သူ့မျက်နှာကို Skincare တစ်ချို့လိမ်းနေသည်။

23-DAY(Complete) Where stories live. Discover now