Part-19

418 65 27
                                    


Jaemin Round လှည့်နေတုန်း အိပ်ကပ်ထဲ Vibrate မြည်နေသော ဖုန်းကြောင့် ရုံးခန်းထဲပြန်ရောက်ရောက်ချင်း Ph screenကိုဖွင့်ကြည့်လိုက်သည်။

💬 ဒါက Jeno ရှိတဲ့ တည်နေရာပဲ...အန်တီ Gps ပို့ပေးထားလိုက်မယ်နော်💬

သူ့Massage ကို မြင်မြင်ချင်း Duty ကုတ်ကို ချွတ်လိုက်ကာ ဓာတ်လှေကားစီးရင်း ကားပါကင်ဆီ ဦးတည်လိုက်သည်။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက Jeno ကို သူတိတ်တဆိတ် လိုက်ရှာနေခဲ့ရတာ အခုတော့ Jeno အမေဖြစ်သူကMassage ပို့လာခဲ့တာကြောင့် သူအဲ့နေရာကို Gps အတိုင်း အရှိန်တင်ကာ မောင်းနှင်လိုက်သည်။

မြို့အစွန်မှာတည်ရှိတဲ့ တံတားအောက်က ကျူးကျော်နယ်မြေလေးထဲ Jaeminရောက်လာခဲ့သည်။ တစ်ချို့လူတွေက သူ့ကို ကွက်ကြည့်၊ကွက်ကြည့်နှင့် လိုက်ကြည့်နေကြပြီး တစ်ချို့က သူ့အနောက်က လိုက်လာသလိုခံစားရသည်။

စိတ်လောပြီး တစ်ယောက်တည်းထွက်လာခဲ့ပေမယ့် သူဒီနေရာကို မရင်းနှီး ။ မျက်စိရှေ့ သိပ်မနီးမဝေးကစကားပြောနေတဲ့ ကောင်လေးတွေက ဆရာJohnရဲ့သားJenoဆိုတဲ့ကောင်လေးနဲ့သူ့သူငယ်ချင်း​လေးတွေ စကားပြောရင်း သွားနေကြတာ မြင်နေရတာမို့ သူ့ပါးစပ်ဖျားမှာ အမှတ်ရတဲ့ နာမည်ကို လှမ်းခေါ်မည်အပြု ခေါင်းတစ်ခုလုံး ပူထူသွားသလို ခံစားလိုက်ရပြီး တစ်လောကလုံး အမှောင်ကျသွားတော့သည်။

______________23Day_______________

"Je...အာ့!"

Jeno သူ့နာမည်ခေါ်သံကြောင့် နောက်လှည့်ကြည့်တော့ သူ့ရဲ့မျက်လုံးတွေ နှစ်ဆ​လောက်ပြူးကျယ်လို့သွားရသည်။

ဘယ်လိုဖြစ်ပြီး Dr.NaJaeminက ရိုက်ခံလိုက်ရတာတုန်း ။

"ကျစ်...ခွေးသတောင်းစားတွေ ငါ့လူတွေမထိနဲ့လို့မမှာထားဘူးလား!!!!"

________________23Day____________

ခေါင်းမှာ ပတ်တီးစည်းထားတဲ့ ဒဏ်ရာကို ကိုင်ကြည့်ရင်း ပြုံးစစလုပ်ပြလာတဲ့လူကြောင့် Jeno မျက်စောင်းခဲလိုက်ကာ အကြည့်လွှဲပစ်လိုက်သည်။

"ကောင်လေးကို ကိုယ်ကတကယ်စိတ်ပူသွားတာ"

"ကျွန်တော့်ကိုစိတ်ပူရအောင် ခင်ဗျားနဲ့ကျွန်တော်ဘာဆိုင်လို့လဲ"

23-DAY(Complete) Where stories live. Discover now