Part-10

491 81 15
                                    

Unicode

"မင်းအဖေ သွေးတိုးပြီး လေတစ်ခြမ်းဖြတ်သွားတယ်တဲ့"

Jeno ကဆေးရုံကုတင်ပေါ်က အဖေဖြစ်သူကို ခနဲ့ပြုံးနဲ့ တစ်ချက်ကြည့်ပြီး အပြင်ပြန်ထွက်ဖို့ ပြင်သည်။

"မင်းပျော်ရဲ့လား Jeno....မင်းအဖေကို ဒီလိုဖြစ်အောင် လုပ်လိုက်ရတော့ ပျော်နေရဲ့လား"

အမေဖြစ်သူရဲ့ ထုနက်မှုတွေကို Jeno မရှောင်မတိမ်းသည်းခံရင်း သူ့အ​မေရဲ့လက်ကောက်ဝတ်တွေကို ဆွဲဖမ်းလိုက်သည်။

"ကျွန်တော်နဲ့မေမေ့ရဲ့အရှေ့မှာ တခြားအမျိုးသမီး ကိုနမ်းနေတာ မြင်ခဲ့တဲ့မေမေကရော ဒီလူကိုဒီအတိုင်းခွင့်လွှတ်နိုင်တယ်တဲ့လား"

"Jeno...."

"သား..အကုန်မှတ်မိတယ်မေမေ...မေမေအဲ့တုန်းကကြိတ်ငိုနေခဲ့တဲ့ ညတွေကိုရော... သားအကုန်မှတ်မိတယ် သားရဲ့အသည်းထဲမှာ အဲ့ဒီ့တုန်းက မေမေငိုနေခဲ့တဲ့ပုံရိပ်က သားရင်ထဲ နာနေအောင် ခံစားခဲ့ရတယ်"

"အဲ့တော့အခု သားဖေဖေကိုအခုလိုဖြစ်အောင်လုပ်လိုက်ရတော့ သားရင်ထဲတကယ်ပျော်ရဲ့လား"

"မေမေရယ်...."

ငိုနေတဲ့အမေကို Jeno ဖက်တွယ်လိုက်သည်။
အမေဖြစ်သူကိုကြည့်ပြီး Jeno လုပ်မိတဲ့လုပ်ရက်အတွက်နောင်တပါရလာသလိုပင်...ဒါပေမယ့် သူဒီလောက်ကြီးအထိဖြစ်ပါစေတော့ဟုရည်ရွယ်ခဲ့တာမဟုတ်။

"မင်းမျက်နှာကို သွားဆေးကြောလိုက်အုံး"

အမေဖြစ်သူက သူကိုစိတ်ပျက်သလိုတစ်ချက်ကြည့်ပြီး အဖေ့ကုတင်ဘေးနားသွားထိုင်ကာ အဖေ့လက်​ကိုဆုပ်ကိုင်ကာ တရှုံ့ရှုံ့ ငိုနေသည်။

ဆရာဝန်တွေက ဆေးစစ်ချက်နဲ့အတူ ဝင်လာတာကြောင့် Jeno အမေကို ထားခဲ့ကာ ဆေးရုံအနောက်ဘက်ကိုထွက်လာပြီး ဆေးလိပ်သောက်နေလိုက်သည်။

တစ်ခုခုကို ပထမဆုံး သူနောင်တရဖူးတာ ဖြစ်သည်။ အမေ့ဖြစ်သူရဲ့ မျက်ရည်တွေကြောင့် သူပိုပြီးအပြစ်ရှိသလိုခံစားရသည်။

တကယ်တမ်း ပြန်စဥ်းစားကြည့်ရင် ဒါက...

သူစိတ်ရှုပ်စွာပင် လက်ထဲက ဆေးလိပ်ကို ဘေးသို့လွင့်ပစ်လိုက်ပြီး ကျောပိုးအိတ်ကို လက်ကတွဲလောင်းကိုင်ကာ ခြေဦးတည့်ရာ လမ်းတစ်လျှောက် ပလက်ဖောင်းတွေပေါ် လျှောက်သွားနေမိသည်။

23-DAY(Complete) Where stories live. Discover now