Part-3

620 101 40
                                    

Unicode

နဖူးတည့်တည့် ကိုလာမှန်တဲ့ Duster ကြောင့် Jeno ဒေါသထွက်သွားသည်။

stage ပေါ်က ဆရာ့ကိုကြည့်တော့ သူ့ကိုမှုန်ကုတ်ကုတ်ဖြင့် ပြန်လည်စူးစိုက်ကြည့်နေတာကြောင့် Jeno သူ့ဘေးနားကျနေတဲ့ Duster ကို ကုန်းကောက်ပြီး ထရပ်လိုက်သည်။

စိတ်ထဲမှာတော့ ဆရာသူ့ကိုပေါက်သလို ပြန်ပေါက်လိုက်ချင်ပေမယ့် လက်တွေ့မှာတော့ ဆရာ့ အနားထိလျှောက်သွားကာ ဆရာ့စားပွဲပေါ် Duster လေးကိုအသာတင်ပြီး ပြန်ထွက်သွားဖို့အလှည့်

"အီဂျဲနို "

"Nae sim"

"အတန်းချိန်ပြီးရင်ဆရာနဲ့ စကားနဲနဲပြောရအောင် "

"Nae"

လေးလေးပင်ပင်ဖြေဆိုပြီး လှုပ်စိလှုပ်စိသူ့ခုံနား ပြန်လျှောက်သွားတဲ့ ဂျဲနိုကိုကြည့်ပြီး Renjun စိတ်ကုန်လာသည်။

Renjun လည်း နောက်နာရီဝက်လောက် ကျန်တဲ့အတန်းချိန်ကို အာရုံစုစည်းပြီး သင်ကြားပေးလိုက်သည်။

အတန်းထဲက သူတွေအားလုံးကို နှုတ်ဆက်ပြီး အပြင်ထွက်လာတော့ သူ့နောက်ကပြေးလိုက်လာတဲ့ အီဂျဲနိုဆိုတဲ့ကောင်လေးကြောင့် Renjun နဲနဲတော့ကျေနပ်သွားသည် ။

ဘေးနားကနေ ဘာမှမပြောပဲ ဘောင်းဘီအိပ်ကပ်နှိုက်ပြီး ဂျစ်ကန်ကန်နဲ့ လိုက်နေတဲ့ကောင်လေးကို Renjun လူခြေပြတ်တဲ့ အပင်အောက်နားလေးအထိခေါ်သွားပြီး လက်နှစ်ဖက်ကို တင်းနေအာင်ပိုက်ထားကာ သူ့ကိုကျောပေးပြီး သစ်ပင်ဘက်ကို မျက်နှာမူလိုက်သည်။

"ငါလည်း မင်းအရွယ်တုန်းက မင်းတို့လိုပဲဆိုးခဲ့တယ် Jeno ဒါပေမယ့် "

ပြောနေရင်း နောက်လှည့်လိုက်တော့ နောက်က အီဂျဲနိုဆိုတဲ့ ငနဲလေးဟာ သစ်ပင်က သစ်ရွက်တွေကို ခုန်ခူး ပြရင်း သူ့ဒေါသကိုပြန်စွနေသည်။

"အီဂျဲနို ငါစကားပြောနေတယ်"

"ပြောလေ ဆရာစကားပြောတာ ပြောပေါ့ ဒီအရွက်တွေက ဆုတောင်းပြည့်တယ်လေ အာ့! အား... ဆရာ! နာတယ် နာ အာ့ နာတယ်လို့ "

" ဒီ့ထက်ပိုမနာချင်ရင် ငြိမ်ငြိမ်လေးလိုက်ခဲ့"

သူ့ဒေါသကို ပြန်ဆွနေတဲ့ ထိုကျောင်းသားရဲ့ ကပ်နေတဲ့နားရွက်ကို အပြင်ထွက်လာအောင် Renjunခပ်နာနာဆွဲပြီး ရုံးခန်းရှိရာဆီကိုသာ ခေါ်ခဲ့လိုက်တော့သည်။

23-DAY(Complete) Where stories live. Discover now