Part-6

552 75 36
                                    

"Shitt !!!!! "

''Fu*k uuuu"

"သတောင်းဇား"

"ဟိတ်ကောင်တွေ အသံလျှော့စမ်း ဘေးအခန်းတွေ ဆဲမယ်နော် "

"အသံလုံတယ် အေးဆေး"

Mark က Taeyong စကားကိုအဖတ်မလုပ်သလိုပြောပြီး ဆဲရေးတိုင်းထွာနိုင်တာမှန်သမျှအကုန်ဆဲနေကြသည်။

အခါတိုင်းလိုပဲ သူတို့အဆောင်မှာ လူစုံတက်စုံ Gameဆော့နေကြခြင်း။

Taeyong ကတော့ စာအုပ်ကြီး တကားကားဖြင့် ဂိမ်းဆော့နေတဲ့ သူတွေကြားထဲ မှောက်အိပ်ကာ စာဖတ်နေလေရဲ့ ဒီလောက်ဆူညံနေတဲ့ကြားမှာမှ စာဖတ်နိုင်တဲ့ သူ့ရဲ့မှတ်ဉာဏ်ကိုလဲ လေးစားလွန်းလို့ ထိုင်တောင် ကန်တော့ချင်သည်။

​မှောက်အိပ်ကာ စာဖတ်​နေတဲ့ Taeyongရဲ့ခါးပေါ် Markရဲ့အပေါ်ပိုင်းက အပျင်းထူ​ကာလှဲအိပ်တက်ဖိပြီး ဆော့နေတာကို Taeyongက ဘာမှမပြောပဲ ငြိမ်ခံနေသည်။

Yutaကတော့ ကုတင်ခေါင်းရင်းနား မှီထိုင်နေပြီး Jenoကတော့ ကုတင်အစွန်မှာ တင်ပြင်ခွေထိုင်နေသည်။Markရဲ့ တစ်ယောက်အိပ်ကုတင်လေးပေါ်မှာ သူတို့ ရအောင်စုပြီး နေနေကြသည်။Jeno က လက်နာနေပေမယ့် Rank တက်ဖို့ကို အသဲအသန်ကို ဆော့နေသည်။

"Yesssss! နိုင်ပြီကွ"

တစ်ပွဲပြီးလို့ နိုင်သွားတော့ Markက Taeyong ခါးပေါ်ကနေ မြှောက်ကြွ လှုပ်နေတော့ Taeyong ခါးနာလာတာကြောင့် ဖတ်နေတဲ့စာအုပ်နဲ့ ခါးပေါ်ကကောင်လေးကို ထုရိုက်လိုက်ရသည်။

"နာတယ်ကွ"

"အပျော်လွန်သွားလို့ပါ ကိုကြီးကလဲ"

Taeyongက ကုတင်ပေါ်က လျောဆင်းလိုက်ကာ ခါးလေးကို ဖိပြီ စာကြည့်စားပွဲမှာငြိမ်ငြိမ်လေး စာသွားဖတ်နေပြန်သည်။

"ငါပြန်အုံးမယ်"

ည ၁၁ နာရီလောက်မှ ထ ပြန်ချင်နေတဲ့ Jenoကို Yutaက ကုတင်ပေါ်က ကန်ချလိုက်သည်။

"ပြန်မှာဖြင့် စောစောထဲကမပြန်ဘူး အခုမှနောက်ကျနေပြီလေ အီဂျဲနိုရဲ့"

Jeno က ကုတင်ဘေးကနေ ပြန်ကုတ်တက်ပြီး လှဲအိပ်ကာ ယုတဘက်ကိုခြေထောက်ဆင်းကာလှဲလိုက်ပြီး Yuta လက်မောင်းကိုသူ့​ခြေညိုးဖြင့် တစ်ခွန်းပြောလိုက် တစ်ခါထိုးလိုက် လုပ်နေသည်။

23-DAY(Complete) Where stories live. Discover now