~Extra-4~

2.6K 210 30
                                    

Unicode

"ထည်...မင်းတစ်ခုခုဖြစ်နေတာလား..."

ခြံထဲဆိုင်ကယ် ပြင်နေရာက ဧည့်ခန်းထဲ တီဗွီအဟောင်း အသစ် အလဲအလှယ်လုပ်နေသော ပြေခန့်ထည်နိုင် အားအခန်းထဲအတင်းဆွဲခေါ်လာကာ မေးလိုက်သော ခန့်တေဇကို ၏အသံဖြစ်သည်...

"ဟမ်...ဘာမှမဖြစ်ပါဘူး..."

"သေချာလို့လား..."

"..."

"..."

"မင်း...ကလေးလိုချင်လား...ဇ..."

"ဟား...ဘာများလဲလို့ကွာ...ဒီကိစ္စကြောင့် ခရီးကပြန်ရောက်ကတည်းက မျက်နှာမကောင်းဖြစ်နေတာလား..."

"..."

မှတ်မှတ်ရရ ရန်ကုန်သို့ပါးပါးဆေးပြသွားရာမှ ကိုနေတို့နှင့်တွေ့ဆုံအပြီးတွင် ထည် တစ်ယောက်သိသိသာသာ စကားနည်းသွားခြင်းဖြစ်သည်...ပုံမှန်ဆို ထည် ကတိတ်ဆိတ်တတ်သူဖြစ်ပြီး တစ်ခုခုဆိုပွင့်ပွင့်လင်းလင်း ပြောတတ်သူမို့ အချိန်အတော်ကြာစောင့်နေမိသေးသည်...ထူးခြားမလာတာမို့ အဆုံးတွင်တော့ ဇ ကိုယ်တိုင်အစဆွဲထုတ်ရခြင်းဖြစ်သည်...

"ငါပြောတာနားထောင်...ထည်..."

အခန်းဝတွင်မတ်တပ်ဖြစ်နေသည့် ထည့် လက်အားဆွဲကာ ကုတင်ပေါ်နေရာချပေးရင်း ဇ ပါဘေးနားအတူဝင်ထိုင်လျက်စကားဆိုရတော့သည်...

"မင်းရော ငါရော ဘယ်လိုမွေးဖွားလာတာမို့လဲ...ကလေးလိုချင်တယ်ဆို ပွင့်ပွင့်လင်းလင်းပြောမှာပေါ့...ဒီကိစ္စက အချိန်အကြာကြီး မင်းမျက်နှာမကောင်းရလောက်အောင်ထိ အရေးပါမနေဘူးလေ..."

"..."

"ငါပြောတာသဘောပေါက်လား..."

"အင်း..."

"တချို့ဟာတွေကို ခေါင်းထဲအရမ်းထည့်ပြီး အတွေးမလွန်နဲ့...ထည်..."

"..."

"အမှန်ဆို ကလေး လိုချင်တာ မလိုချင်တာထက် မင်း ငါ့ကို လိုချင် မလိုချင်က ပိုအရေးမကြီးဘူးလား..."

"မင်း အပိုတွေမပြောနဲ့..."

"ဟားဟား...အတည်ပြောတာပါ...ငါတို့လက်ထပ်ကြတော့မလား ထည်...လက်ထပ်စာချုပ်မှာ တရားဝင်လက်မှတ်ထိုးပြီးလေ..."

အပေအတေတစ်ယောက်ရဲ့ ခို နား ရာ...Where stories live. Discover now