Part-23

12.7K 806 32
                                    

"ကျွန်တော်လည်းစိတ်မကောင်းဖြစ်ရတာပဲ...ဦးနိုင်..."

သားနိုင်ငံခြားတက္ကသိုလ်မှာပညာသင်ခွင့်ကိုငြင်းဆန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသားရောသူ့ကို စကားမပြောသလိုလူချင်းပါမတွေ့ဖြစ်တာဆယ်ရက်နီးပါး...အိမ်ထောင်သက်တမ်းတစ်လျောက်မှာအကြာမြင့်ဆုံးခွဲခွာမှု...အနည်းဆုံးတော့သူ့ဘက်ကစပြေလည်ဖို့ကြိုးစားမလားမျှော်လင့်ခဲ့မိပေမဲ့ထင်သလိုဖြစ်မလာတဲ့အခါ ပိုချစ်ရတဲ့ကိုယ်ကပဲသူရှိရာအရပ်ရောက်လာရသည်...

"ဒါပေမဲ့သားပျော်ရွှင်ဖို့ကအဓိကကျတယ်လို့စဉ်းစားလိုက်တဲ့အခါ...ကျွန်တော်လက်ခံပေးလို့ရတယ်..."

ခပ်ဝေးဝေးကိုငေးရင်းအတည်ငြိမ်ဆုံးလေသံနဲ့ဖြေရှင်းချက်ပေးလာတဲ့သား,ပိုက်မျက်နှာလေးဟာအနည်းငယ်ချောင်ကျနေသလို...ကိုယ့်ရင်ခွင်ထဲရောက်ပြီးကတည်းကအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ဒီထက်ပိုပစ်ထားလိုက်ရင်အိပ်ယာထဲလဲတော့မယ်ဆိုတဲ့အတွေးကပြေးကြည့်တာထက်မှန်ခဲ့သည်...ပိုချစ်ရတဲ့ကိုယ်ကသူ့ဘက်ကိုတွေးပေးလိုက်တဲ့အခါအပြစ်တင်စကားဆိုရင်တောင်မှဒေါသအဟုန်မပါပဲစီးဆင်းသည်...

"ကိုယ်လည်းသားကိုပျော်စေချင်တယ်လေ...ဒါပေမဲ့...အနာဂတ်တစ်ခုလုံးနဲ့အလဲအထပ်လုပ်လိုက်ရတဲ့ပျော်ရွှင်မှုမျိုးတော့မဖြစ်စေချင်ဘူး..."

"..."

ဒေါသသံမပါဘဲအတတ်နိုင်ဆုံးညင်သာစွာရှင်းပြတဲ့အခါမျက်ဝန်းကြည်ကြည်လေးတွေနဲ့အကြည့်ချင်းဆုံစေရင်းဂရုတစိုက်နားထောင်သည်...

"ကိုယ်တို့သားတွေဟာငယ်သေးတယ်...သူတော်ကောင်းလေး...အချစ်နဲ့ပတ်သက်ရင်သူတို့ကိုယ်သူတို့ကောင်မလေးတွေကိုချစ်တာလား...ဒါမှမဟုတ်ကိုယ်တို့လိုပဲယောက်ျားလေးအချင်းချင်းသဘောကျတာလားတောင်မသေချာသေးဘူး..."

ဒီစကားရဲ့အဓိပ္ပါယ်ဟာ 7 တန်းလောက်ကတည်းကကောင်မလေးတွေနဲ့ပေါ်တင်တွဲခဲ့တဲ့သားဇအားရည်ညွှန်းကြောင်းသူနားလည်လိမ့်မည်...

"သံယောဇဉ်တစ်ခုတည်းနဲ့အခုလိုမျိုးဆုံးဖြတ်ချတာသိပ်တော့သဘာဝမကျဘူးပေါ့...ကိုယ်တို့သားတွေကမိဘစကားကိုလုံးဝလက်သင့်မခံမဲ့ကလေးမျိုးတွေမဟုတ်ဘူးလေ...အထူးသဖြင့်သူတော်ကောင်းလေးပြောရင်နားဝင်လက်ခံမဲ့သူတွေ..."

အပေအတေတစ်ယောက်ရဲ့ ခို နား ရာ...Where stories live. Discover now