Part 1

2.4K 93 0
                                    

Unicode

ပြောရမယ်ဆိုရင်တော့ ဒီနေ့က နေသာတဲ့နေ့တစ်နေ့လေ ...အင်းးးး တကယ်တော့နွေရာသီကြီးလေဗျာ နေကသာရုံတင်ဘယ်ဟုတ်လိမ့်မလဲ သာလွန်းအားကြီးလွန်းလို့ ကျွန်တော်တို့ဖင်တွေကနေ ညှော်နံ့သဲ့သဲ့တောင်ရနေခဲ့တာကို။
ကဲပါလေ စကားတွေရှည်မနေတော့ဘူး နေပဲသာသာ မိုးပဲရွာရွာ နှင်းပဲကျကျ ကျွန်တော်ရှောင်းကျန့်ဟာ FAဆိုတာကြီးကပြောင်းသွားတာမှမဟုတ်ဘဲလေ။

အိုး! ဒီလိုပြောလိုက်လို့အထင်တော့မသေးလိုက်နဲ့နော် ကျွန်တော်ကြိုက်နေတဲ့သူမှအများကြီး ...အဲ အရှေ့ကစကားကြောင့်အထင်လဲစွတ်မကြီးလိုက်နဲ့အုံးဗျ ကံကောင်းလွန်းလို့တစ်ယောက်တလေတောင်ကျွန်တော့်ကိုပြန်မကြိုက်ဘူးလေ။

ဘာလို့လဲ??? အဖြေကရှင်းရှင်းလေး ကျွန်တော်ကစောက်ချောကြီးမို့လို့ပဲပေါ့!

စကားတွေကောင်းနေတာနဲ့ပဲ myselfလေးပြောဖို့မေ့သွားတယ်။

ရှောင်းကျန့်ပါဗျ! ဒုတိယနှစ်တက်နေတယ်! ဌာနတစ်ခုလုံးမှာကျွန်တော့်ကိုမသိတဲ့သူခပ်ရှားရှားရယ်! ဘာလို့လဲမမေးနဲ့ နောက်တော့သိလာရမယ် ဟုတ်ပီလား?

မိတ်ဆက်ပီးပီဆိုတော့ကာ အတန်းထဲသွားရတော့မယ်ပေါ့ နော့ ဆားရားငဲလ် ပေါင်ပေ့တို့!

ဂလုန်းး! ဒုန်းး! အုန်းး!

အခန်းဝကနေအသံအကျယ်ကြီးထွက်လာတယ်။ ထွေထွေထူးထူးကြည့်စရာမလိုဘူး အဲ့ဒါရှောင်းကျန့်မှန်းလူတိုင်းသိတယ်​။

ထုံးစံအတိုင်း အရူးတစ်ယောက်လိုရယ်ရင်းက ခုံမှာဝင်ထိုင်တယ်။
ဘေးကတစ်ယောက်ကိုလဲ ခေါင်းခေါက်ပီးနှိုးပေးလိုက်တယ်။ အဲ့ကျတော့ဆတ်ခနဲသူနိုးသွားပြီ။ ကိုယ့်လက်စကိုယ်ပဲသိတယ်။

" ချီး! ငါ့ခေါင်းကိုမခေါက်ပါနဲ့လို့ပြောထားတာ၆၈၇ခေါက်ရှိနေပီ! အေးနော် ငါဉာဏ်တုံးရင်မင်းကြောင့်! လိလိုကောင်! "

သူကတော့ဟောက်ရွှမ်း အဲ့ကောင်ဂွေးတန်းလန်းအရွယ်တည်းကသူနဲ့ခင်တာ။ လူကသာသောက်ပု လျှာကအရမ်းရှည်တာလေ။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now