Part 11

630 61 1
                                    

Unicode

" ဘာလုပ်နေသေးတာလဲ ကားပေါ်ကဆင်းလေ ''

ဆေးရုံရောက်တော့xzကကားပေါ်ကမဆင်းပဲပေကပ်ကပ်လုပ်နေတယ်။
ပီးတော့မျက်ထောင့်နီကြီးနဲ့ybကိုစောင်းကြည့်တယ်။ နှုတ်ခမ်းကိုလဲဘဲနှုတ်သီးလိုထော်ထားလိုက်တယ်။
အစကတော့ သူကြိုက်တဲ့မုန့်စားရမယ်ဆိုပီးသူပျော်နေခဲ့တာ။
ပြန်စဥ်းစားကြည့်တော့ ဆေးရုံရောက်ရင်သူmaskချွတ်ရမယ် အဲ့ကျရင်သူ့ရဲ့ဝက်မျက်နှာကိုybကလှောင်မယ် ပီးရင်သူ့ကိုချန်ထားပီးလမ်းခွဲလိမ့်မယ်။

သူအဲ့လိုမဖြစ်ချင်ဘူးလို့ ဝူးးဝူးးး။

ငိုမဲ့မဲ့ရုပ်လေးဖြစ်ပီး မကြာခင်မှာပဲမျက်ရည်တွေလှိမ့်ဆင်းလာကာxzကတအီအီငိုတော့တယ်။
ybမှာထိတ်လန့်စွာနဲ့ သူ့ကောင်လေးကိုရင်ခွင်ထဲကောက်ထည့်ပီး ကျောလေးကိုပွတ်သပ်ကာချော့ရတော့တယ်။

" ဘာလို့လဲ? မငိုနဲ့လေကွာ...သွားကထပ်နာနေပြန်ပီလား? တိတ်တော့ တိတ်တော့ ခနနေရင်အကုန်ကောင်းသွားလိမ့်မယ်နော် မင်းကကလေးလဲမဟုတ်တော့ဘူးလေ အဲ့လိုဆရာဝန်ကိုကြောက်နေလို့မရတော့ဘူး ပီးတော့ငါလဲဘေးမှာရှိနေပေးမှာဟုတ်ပြီလား? မငိုရဘူး မင်းကလိမ္မာပါတယ်ကွာ ''

ငိုနေရင်းကxzကရန်ပြန်ထောင်လိုက်တယ်။

"  ဝူးး ချီးကိုပဲ! ငါကဆရာဝန်မကြောက်ဘူးကွ! "

မင်းထားခဲ့မှာကိုကြောက်တာလို့ဆိုနေမှ!

" အင်းအင်း ဟုတ်တယ် မင်းကဆရာဝန်မကြောက်ဘူး အဲ့လိုကြီးမလုပ်နဲ့လေ လာပါကွာ မဟုတ်ရင်ချီပီးသယ်သွားပေးရမှာလား  ''

yb ကအဲ့လိုပြောပီးတော့သူ့မျက်ရည်တွေကိုသုတ်ပေးကါ ကားအောက်ဆင်းပီးသူရှိရာဘက်ကိုလာကာ တံခါးဆွဲဖွင့်ပီးသူ့ကိုတကယ်ကြီးချီဖို့လုပ်နေတယ်။
xzမှာတော့မယုံနိုင်ပဲပါးစပ်လေးအဟောင်းသားနဲ့ကြည့်နေရတယ်။

" ကဲ လာတော့  ''

တခဏအတွင်းမှာပဲသူ့ကိုybကမင်းသမီးလေးလိုပွေ့ချီထားခဲ့တယ်။
တော်သေးတာကသူတို့ကcar packing မှာပဲရှိနေသေးလို့ဘယ်သူမှမတွေ့ဘူး။
မဟုတ်ရင် xzရှက်ပီးသေလိမ့်မယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now