Part 23

683 49 10
                                    

Unicode

နှစ်ကူးပီးနှစ်ရက်မြောက်နေ့မှာybဟာအိမ်ပြန်လာခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့အိမ်လေးကိုပေါ့။

သူအိမ်ရောက်ပီးသိပ်မကြာဘူး တံခါးဖွင့်သံကြားတာကြောင့် သူ့အဆိုးတုံးလေးရောက်လာပီဆိုတာသိလိုက်တယ်။

'' ဝမ် ရိ ပေါ်! ! ''

အရှိန်နဲ့အော်ပီးပြေးလာတဲ့xzက သူ့ရင်ခွင်ထဲကိုပစ်ဝင်လာတယ်။
ပီးတော့ကလေးတစ်ယောက်လိုချွဲတယ်။

အခုလိုမျိုးလေးဆဲပီးတော့ပေါ့။

'' ပြန်လာမှာကိုငါ့ကိုကြိုမပြောပြဘူးပေါ့လေ သိရင်ငါလာကြိုပေးမဲ့ဟာကိုပဲ...ငါလိုးကျနေတာပဲ! ခွေးကောင်! ''

xzကဆဲလို့အပီးမှာybရဲ့ရင်ဘတ်ကိုတရှုံ့ရှုံ့နဲ့အနံ့ခံတယ်။

သူလွမ်းနေခဲ့တာမှအများကြီးပဲ ဝူးးဝူးးး!

ybကခွေးပေါက်လေးလိုလုပ်နေတဲ့xzမျက်နှာလေးကိုဆွဲမော့ပီး နှာခေါင်းလေးကိုအသည်းယားစွာဖျစ်ညှစ်လိုက်တယ်။

ဘယ်လိုတောင်အဆိုးလေးပါလိမ့်!

'' နှာဗူး! ဘယ်တွေလျှောက်နမ်းနေတာလဲ ... လူမြင်မကောင်းဘူး ''

xzကပက်ခနဲပြန်ပြောတယ်။

'' ဘာကိုလူမြင်မကောင်းရမှာလဲ..ဒီမှာမင်းနဲ့ငါ့အပြင်ဘယ်သူရှိသေးလို့လဲ! မြေနိုးလေး အိမ်ပြန်တာရက်နဲနဲလေးပဲရှိသေးတယ် ငါ့ကိုပစ်ထားချင်နေပီပေါ့လေ! ''

'' အဲ့လိုမဟုတ်ဘူး... ''

ybကအနောက်ဘက်ဆီမေးငေါ့ပြတယ်။

xzကလှည့်မကြည့်ဘူး။

'' ဘာဖြစ်နေတာလဲ အကြောဆွဲနေတဲ့လူလိုပဲ! ''

'' မင်းနောက်ကိုအရင်လှည့်ကြည့်အုံး ''

xzကသံသယမျက်လုံးနဲ့ybကိုပေစောင်းစောင်းကြည့်ကာ အနောက်ကိုချာခနဲပြန်လှည့်ကြည့်တယ်။

ပီးတာနဲ့အထိတ်တလန့်ထအော်တယ်။

'' အိုးးးးး လန့်လိုက်တာဟ! ''

xzထက်ပိုလန့်သွားသူက မျက်လုံးကြီးပြူးကာကြောင်တောင်တောင်နဲ့သူတို့ကိုကြည့်နေခဲ့တဲ့ဟိုက်ခွမ်းတစ်ယောက်ပဲ။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now