Part 10

624 59 2
                                    

Unicode

ဒီနေ့xzအတန်းသွားမတက်ဖို့ဆုံးဖြတ်လိုက်တယ်။ ပုံမှန်ဆိုသူကအချိုတွေအရမ်းစားတာမို့ခဏခဏသွားကိုက်တတ်တယ်။ ဒါပေမဲ့အခုတခါကျတော့စားတဲ့ပမာဏများသွားတယ်ထင်ပါတယ် သူ့ပါးစောင်ကြီးနှစ်ဖက်လုံးကလုံးဝကိုယောင်ကိုင်းလို့နေတယ်။
သွားကလဲစောက်ကျိုးနည်းနင်းကန်ကိုက်နေတော့ သူအားမရှိစွာပဲညည်းညူပီး စောင်ပုံထဲလှဲနေရတယ်။

ဟွိုင်ဆန်းကအကျီဝတ်နေရင်းကလှမ်းမေးလာတယ်။

"  ဟျောင့် မင်းဘာစားအုံးမှာလဲ ငါဝယ်ပီးပေးခဲ့မယ် ''

xzကချစ်ရည်ရွှမ်းနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်လိုက်တယ်။

" မင်းကချစ်ဖို့အကောင်းဆုံးပဲ... မင်းဘေးကဟာတွေကတော့ဆန်ကုန်မြေလေးတွေချည်း! အလိုက်ကန်းဆိုးမသိကြဘူး ''

သူအဲ့လိုဆိုတော့ ကျိရန်ကစာအုပ်မထူမပါးနဲ့လှမ်းပေါက်လာတယ်။

" မင်းမေကိုပဲ! မနက်အစောကြီးမင်းအဖေကဆေးဝယ်ပေးရတာလေ! ကျေးဇူးမတင်ရင်နေဟျောင့် ဖင်လှန်မပြစမ်းနဲ့! "

အငယ်ဆုံးလေးကလဲကျိရန်ကိုလက်မထောင်ပြလိုက်တယ်။

" ဆဲသင့်တယ်ဘဒို ''

xzကခေါင်းအုံးကြီးနဲ့ပြေးဆင်းလာပီးရိုက်တယ်။

" အကုန်ထွက်သွားကြစမ်း! "

ကျိရန်ကဆက်ပြောတယ်။

" မင်းအတန်းတက်သင့်တယ်နော် အခုကနဲနဲသက်သာနေပီမလား? အခုချိန်ထိဘာစာမှလဲနားလည်တာမတွေ့သေးဘူး...ကျတော့မှသတိမပေးဘူးမပြောနဲ့ ''

xzကစိတ်ထဲကဂုဏ်ဆာလိုက်တယ်။

No problemပဲဟျောင့်တွေ! ငါ့ဘဲကစာပြပေးမှာ!

" လိ့ကိုပဲ ငါ့ကိုကျိန်စာတိုက်နေတယ်! မင်းကိုသတ်မယ်! "

ထိုအခါကျတော့မှသုံးယောက်လုံးအူယားဖားယားအပြင်ဘက်ပြေးထွက်သွားကြတယ်။

xzကကျပ်သိပ်မပြည့်ဘူး! ဝေးဝေးရှောင်နေမှဖြစ်မယ်!

xzကရိပေါ်ဆီလုံးဝကိုဖုန်းမဆက်ဘူး။ဖုန်းကိုလဲသူစက်ပိတ်ထားတယ်။ အဲ့တာကြောင့်လဲybကသူ့ကိုဆက်တိုက်ဖုန်းခေါ်နေတာကိုသူ့မှာမသိလိုက်ရှာဘူး။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now