Part 8

624 55 6
                                    

Unicode

မနက်စာစားဖို့အတွက်ybကသူ့ကိုကျောင်းရဲ့ခပ်လှမ်းလှမ်းကအမြဲတိတ်ဆိတ်ပီး အေးချမ်းနေတဲ့ဆိုင်ကိုခေါ်လာခဲ့တယ်။
ပီးတော့သူမကျေမချမ်းတွေးလိုက်တယ် မျက်လုံးတွေကိုလဲလှန်ဖို့မမေ့ခဲ့ဘူး။

အေးချမ်းပီးတိတ်ဆိတ်မှာပေါ့! အစားအစာစျေးနှုန်းတွေကကောင်းကင်ကနတ်မင်းတွေဖင်ကိုတောင်ထိတော့မတတ်လေ!
အဲ့တော့ဘယ်ကျောင်းသားကမှဒီကိုလာမစားကြဘူး!

သူ့ဘေးကသူ့ဘဲလေးကိုလဲချောင်းကြည့်လိုက်တယ်။ မနက်စာတောင်မှဒီမှာလာစားတယ်ပေါ့လေ တကယ့်သခင်လေးပဲ။

" ဟေး မင်းဘာစားမှာလဲ တစ်ခုခုမှာလေ ''

ybက အူကြောင်ကြောင်နဲ့မျက်လုံးကြီးအပေါ်လှန်ကြည့်လို့နေတဲ့ xzကိုပြောတယ်။

မသိရင်ပဲကောင်ကင်ကနေအစားသောက်တွေကျလာမဲ့အတိုင်းပဲ!

" အမ်း... ''

xzကတကယ်တော့ဘာစားရမှန်းမသိဘူး သူစားနေကျကလဲဒီမှာရလားမရလားမသိတော့လေ။

နောက်ဆုံးတော့အင်တင်တင်ဖြစ်နေတဲ့သူ့ကောင်လေးကိုybကစိတ်ပူစပြုလာတယ်။

နေမကောင်းလို့များလား?

လက်ကိုဆန့်ထုတ်ပီးဘေးကလူရဲ့နဖူးပေါ်ကိုတင်လိုက်တော့ xzကအလန့်တကြားနဲ့ဘေးဘက်နားတွေဆီကြည့်ပီး သူ့လက်ကိုပုတ်ထုတ်လာတယ်။
သူလဲမျက်မှောင်ကြုတ်ပီးလက်ကိုပြန်သိမ်းလိုက်တယ်။ ဒီကိစ္စကိုအသာထားပီးအဓိကမေးချင်တာကိုမေးလိုက်တယ်။
အရင်ကတော့ဘာဖြစ်ဖြစ်သူနဲ့မဆိုင်ပေမဲ့အခုလက်ရှိမှာ သူ့ကောင်လေးဖြစ်တဲ့အတွက်အစစအရာရာကိုသူဂရုစိုက်ပေးဖို့လိုလာပြီလေ။

" ဘာဖြစ်တာလဲ? ကိုယ်လဲပူမနေပါဘူး အဆောင်မှာတစ်ခုခုစားခဲ့သေးလို့လား? "

" မဟုတ်ဘူး! "

xzကသူ့ကိုမကျေမနပ်အသံပိစိလေးနဲ့အော်ပြောလာတယ်။

" မင်းဘာဖြစ်နေတာလဲ! ဖြစ်ချင်တာကိုပြောလေ! ဘာလို့စိတ်တိုနေတာလဲ! "

" f**k youပဲ! ဗိုက်ကဆာလို့သေတော့မယ် ဒီမှာဘာစားလို့ကောင်းလဲငါမှမသိတာကို... ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now