Part 6

650 59 7
                                    

Unicode

ခဏကြာစိုက်ကြည့်ပီးနောက်မှာ ရိပေါ်ကပြောလိုက်တယ်။

" နို့သောက်လိုက်အုံးလေ သူငယ်ချင်းကစေတနာနဲ့တိုက်ထားတာမလား ''

ပြောပီးတာနဲ့ ရယ်ချင်လာတာကိုမထိန်းနိုင်လို့တစ်ဖက်ကိုအသာလှည့်ပီးရယ်တာအသံထွက်မိသွားတယ်။

xzက တခွိခွိနဲ့ရယ်လို့မဆုံး သူ့ကိုရယ်နေကြတဲ့နှစ်ယောက်ကိုလက်ညိုးတစ်ထိုးထိုးနဲ့မကျေမနပ်ဆိုတယ်။

" သေချင်နေကြတယ်ပေါ့လေ! ဒီညမှာငါ့ကိုယ်ငါရာဇဝတ်ကောင်အဖြစ်ပြောင်းလဲပစ်ဖို့ဝန်မလေးဘူးနော်! ရယ်နေတာကိုရပ်လိုက်! ချီးပဲ! "

သူတကယ်ဒေါသထွက်တယ်!

အရှေ့ကနို့ခွက်ကိုယောင်ပီးတဂွက်ဂွက်နဲ့မော့သောက်ပစ်လိုက်တယ်။
ပီးခါမှသူ့မျက်နှာကြီးကခရမ်းချဥ်သီးတစ်လုံးလိုနီရဲလာတော့တယ်။

သူနို့တွေသောက်ပစ်လိုက်ပီ!

ရိပေါ်က သူ့ရှေ့ကပေတိုးနီတာရဲကိုကြည့်ပီး ကျောကုန်းကိုအသာထုပေးပီးထပ်စလိုက်တယ်။

" လိမ္မာတယ်သိလား ကလေးကနို့ပဲသောက်ရမယ်လေ Alcoholကလူကြီးသောက်ရတာ ''

" $@%^&&%%^&& ''

xzပါးစပ်ကနေမရိုးနိုင်တဲ့ဆဲနည်းပေါင်းစုံထွက်လာခဲ့တယ်။

တစ်ခွက်သောက်ပီးတဲ့နောက်မှာ ရိပေါ်ကစီးကရက်သောက်ရန် barရဲ့အနောက်ဘက်ကိုထွက်လာလိုက်တယ်။
သူ့အိမ်တည်ရှိတဲ့မြို့ကနေပြန်လာပီးနောက်မှာ နောက်ကျိကျဖြစ်နေတဲ့စိတ်တွေက xzကိုစလိုက်ရတော့သိသိသာသာပျောက်ကွယ်သွားတယ်။
ဒါပေမဲ့လဲအာသီသအရ စီးကရက်ကိုတော့သောက်ချင်နေတုန်းပဲ။
မီးညှိပီးစီးကရက်ကိုအနည်းငယ်ကြာအောင်ဖွာရှိုက်လိုက်တယ်။
လေထဲကိုအငွေ့တွေမှုတ်ထုတ်လိုက်ပီးငေးကြည့်နေလိုက်တယ်။
တစ်လိပ်ကုန်ခါနီးမှာပဲ  နောက်ဘက်ဆီကနေ လှုပ်ရှားမှုသေးသေးလေးဖြစ်လာတယ်။
နောက်ကိုတစ်ချက်လှည့်ကြည့်ပီးပြောလိုက်တယ်။

" ငါ့ကိုမမြင်ရရင်မနေနိုင်တော့ဘူးထင်တယ် ထွက်လာခဲ့လိုက် ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးNơi câu chuyện tồn tại. Hãy khám phá bây giờ