Part 12

609 61 2
                                    

Unicode

" ဟိုကောင်လေး မနက်စာလာစားအုံး! "

အိမ်အောက်ထပ်က မားရဲ့ပြဲလန်နေတဲ့ခေါ်သံကြောင့် xzမှာမှောက်ခုံပြောင်းအိပ်ပီး ခေါင်းအုံးကိုအပေါ်ကဖိလို့ထားတယ်။

ခဏကြာတော့ ပွစိပွစိနဲ့အပေါ်ထပ်ကိုတက်လာတဲ့ မားရဲ့အသံ။
သူအရိုက်ခံရမှာစိတ်မပူတော့ဘူး လော့ခ်ချထားတယ်လေ။ မဟုတ်ရင်မားကအခန်းထဲဝင်ပီးသူ့ဖင်ပုပ်အောင်ဆော်ပလော်တီးမှာကိုး။

" လော့ခ်ချထားတယ်ပေါ့လေ ရှောင်းကျန့်! နင့်မလဲအိမ်ပြန်လာရင်ဘာမှကိုခိုင်းလို့မရဘူး! မဖြစ်တော့ဘူး နင့်အဖေကိုပြောပီးအလုပ်လုပ်ခိုင်းရမယ်! "

xzကစိတ်ထဲကပြောလိုက်တယ်။

ဒီစကားတွေရိုးနေပီမားရဲ့! အားအားရှိ ဒီအလုပ်ဆိုတာကြီးနဲ့ပဲကိုင်ပေါက်နေတာ! တကယ်လုပ်ခိုင်းကြည့်ပါလား အိမ်ပေါ်ကဆင်းပစ်လိုက်မှာ!

ပီးရင် ရိပေါ်အိမ်သွားနေမှာပေါ့ ဟဲဟဲ!

ပါးစပ်ကတော့ပြန်ဖြေလိုက်တယ်။

" ဝွန်း စားနှင့်ပါမားရယ် မဆာသေးလို့ခဏထပ်အိပ်အုံးမယ် ''

" အိပ် အိပ် ဒီနေ့နင့်ကိုအငတ်ထားမယ်! "

xzကအခန်းထဲကနေလျှာထုတ်ပြတယ်။

ထားပေါ့! သားမှာမုန့်တွေမှအများကြီး!

နာရီကိုကြည့်တော့မနက်၆ခွဲနေပီ။ ybဆီဖုန်းဆက်ကြည့်တယ်။
မကိုင်ဘူး။ ဒုတိယအကြိမ်မှာမှလာကိုင်တယ်။

" အစောကြီးပါလား ထူးထူးဆန်းဆန်းနိုးနေပီပေါ့လေ ''

ybက xzကိုအံ့သြတကြီးမေးတယ်။ xzကအိပ်ပုတ်ကြီးတယ် အခုကအစောကြီးဆက်တာဆိုတော့ ထီတောင်ထိုးဖို့ကောင်းနေပီ။

ဒါပေမဲ့လဲ xzရဲ့စကားကြောင့် ချီးကျူးချင်နေတဲ့စိတ်ကလေးကလေထဲမှာပျောက်သွားတယ်။

" မဟုတ်ပါဘူး အခုမှအိပ်မလို့ အဲ့တာငါ့ကိုနေ့လည်ထိဖုန်းမဆက်နဲ့နော် အိပ်ရေးမဝရင်ခေါင်းကိုက်လို့ ''

ybကမျက်မှောင်ကြုံ့လိုက်တယ်။

သူထင်တဲ့အတိုင်းပဲ!

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now