Part 7

636 61 6
                                    

Unicode

မနက်စောစော အဆောင်ခန်းထဲတွင်တော့xzတစ်ယောက်ကုတင်အပေါ်ထပ်မှာလှုပ်ရွလို့နေတယ်။ ခါတိုင်းဆိုအတန်းမတက်ခင်၂၅မိနစ်လောက်မှထပီးတော့အပြေးအလွှားသွားတိုက် မျက်နှာသစ်ကာ ပြေးရင်းနဲ့ပဲမနက်စာစားခဲ့တာ။
အခုကအရင်နဲ့မတူတော့ဘူးလေ သူ့မှာအသစ်စက်စက်ရထားတဲ့ရည်းစားလေးရှိနေပီ။ တွေးကြည့်ရုံနဲ့တင်စိတ်ချမ်းသာစရာကြီး။

" ဟားးးဟားးးဟားးး ''

သူ့ရယ်သံကြီးကြောင့် တစ်ခန်းလုံးအလန့်တကြားနိုးလာကြတယ်။
ဟွိုင်ဆန်းကအရင်ဆုံးလန့်နိုးလာခဲ့ပီး ပြူးကြောင်ကြောင်နဲ့ထဆဲတော့တယ်။

" ငါ_ိုး! ချီးတဲ့မှပဲ မနက်စောစောစီးစီးဘယ်သူတောင်းစားက ရယ်နေတာလဲဟ! "

ဆဲပီးတာနဲ့ပွစိပွစိထပ်ပြောနေပီးမကြာခင်ပြန်အိပ်ပျော်သွားခဲ့တယ်။

ကျိရန်သည်လဲထိုနည်း၎င်းပဲ....ညကသူတို့အတော်လေးကဲခဲ့ကြပီး အဆောင်မပိတ်ခင်ပြန်ရောက်ခဲ့ပေမဲ့ခေါင်းတွေကနောက်ကျိနေဆဲ....
ရယ်လိုက်တဲ့တရားခံကိုပါးစပ်ကိုသာပိတ်ရိုက်ပစ်ချင်လာတော့တယ်။

အငယ်ဆုံးလေးဖြစ်တဲ့ကျင်းရီကတော့ စောင်ကိုခေါင်းမြီးခြုံပီးသာပြန်အိပ်နေတော့တယ်။

ထဆဲရမှာပျင်းစရာကြီး! ဒီငလူးဘဒိုတွေ!

xzကတော့ သူမဟုတ်သလိုပဲပါးစပ်လေးကိုအသာပိတ်လို့အသံတိတ်ကြိတ်ရယ်နေပြန်တယ်။ နာရီကိုကြည့်လိုက်တော့၆နာရီပဲရှိသေးတယ်။

အဟင့် ပျင်းတယ်လို့! သောက်ရမ်းပျင်းစရာကြီး!

သူမျက်စိတွေကြောင်နေပီးတစက်လေးမှမအိပ်ချင်နေခဲ့ဘူး။
ဖုန်းလေးကိုအသာယူလို့ ရည်းစားကောင်လေးဆီစာပို့လိုက်တယ်။

ရိပေါ်ကမနက်အစောကြီးထလေ့ရှိပီး အနီးနားတစ်ဝိုက်ကိုပြေးလေ့ရှိတယ်။ သူပြန်ရောက်တော့ဖုန်းလေးကိုအိပ်ရာပေါ်ပစ်တင်လိုက်ကာ ရေချိုးဖို့ပြင်နေလိုက်တယ်။

We chatကနေသူ့ဆီစာတစ်စောင်ဝင်လာတာမို့ အနားသွားပီးကြည့်လိုက်တော့ ပေတိုးလေးဖြစ်နေတယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now