Part 3

765 63 5
                                    

Unicode

တက္ကသိုလ်ရဲ့ကြီးမားလှတဲ့စာကြည့်တိုက်ကြီးမှာ လွန်စွာတိတ်ဆိတ်နေတယ်။ ချောင်ထောင့်တစ်နေရာကလွဲရင်ပေါ့လေ။

ဟောက်ရွှမ်းကတော့ မအိပ်ရလို့လူသတ်ချင်နေပီ။ ကျန်တဲ့အားလပ်ချိန်ဆိုအလုပ်နဲ့မအားလို့ ကျောင်းရောက်မှခေါင်းချပီးအိပ်ရတာလေ။ အခုတော့ရာဇဝတ်မှုကြီးကို သူပါဝင်ကျူးလွန်နေရပီ။

" အဲ သူစာအုပ်ဖွင့်လိုက်ပီ...မျက်လုံးလှန်ကြည့်နေပီ..သေချာစူးစိုက်ဖတ်နေပီ....ဘလာဘလာဘလာ..''

သူတို့ရဲ့ပိကျိပိကျိတွေကြောင့်အနီးနားက စာကြမ်းပိုးတွေကအံကြိတ်ပီးကြည့်လာတယ်။

" ဟျောင့်! အဲ့လောက်အသေးစိတ်ကြီးလိုက်ရေးရမှာလား မလိုလောက်ဘူးထင်တယ်နော်''

"လျှာမရှည်စမ်းပါနဲ့ ဘောပြားမကငါ့ကိုပြောတယ် အသေးစိတ်သိရရင်အကျိုးမြတ်ပိုရမယ်တဲ့... ငါထပ်ကြည့်အုံးမယ် ပြောတာသာချမှတ်ထားလိုက်! "

ပြောပီးတာနဲ့လက်ထဲက အဝေးကြည့်မှန်ပြောင်းကို ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်ဆီပြန်ချိန်ကြည့်တယ်။

အမယ်! ဒီကောင်မဆိုးဘူးပဲ တပတ်တိတိstalkerလုပ်ရတာနဲ့ပဲ မျက်စိထဲမှာတော်တော်လေးကိုချောလာတယ် တစ်ခုပဲ! အသားရေကမိန်းမဆန်လွန်းတယ်! ဒီကောင်gayများလားမသိ အီးစ်...ကြက်သီးထလိုက်တာနော်!

အော်....ငါ့ညီမဘောပြားမရယ်! နင့်အဖြစ်ကကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဖြစ်နေပါပေါ့လား ဟားဟားဟား!

xz ကဆက်မပြောတော့လို့ hxကယောင်ပီးတော့သူ့ခါးကိုတို့လိုက်တယ်။

ရုတ်တရက်သတိရသွားတယ် ချီးပဲ! ဒီကောင်ကယောင်တတ်တာကိုသူမေ့သွားတာ!

သူအလျင်အမြန်ပဲ xzပါးစပ်ကိုလက်နဲ့အတင်းအုပ်လိုက်ရတယ်။

" အု..အု...''

xzကတော့ထွက်ကျလာမဲ့စကားတွေကိုအတင်းပြန်မြိုချလိုက်ရတယ်။

" မင်းမေပဲ! လိဖြစ်လို့ခါးလာတို့တာလားဟ! "

" အေးပါကွာ ငါမေ့သွားလို့ပါ ''

"ဘောကိုမေ့! "

သူပြောပီး လက်ကဟာနဲ့ရိပေါ်ရှိရာကိုပြန်ချိန်လိုက်တယ်။ အဲ့နေရာမှာဘယ်သူမှရှိမနေတော့ဘူး။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now