Part 20

558 53 2
                                    

Unicode

ညဥ့်နက်သန်းခေါင်ကြီးကျမှ နှစ်ခြိုက်စွာအိပ်နေတဲ့ybက သူ့အသားကိုတဖတ်ဖတ်နဲ့ရိုက်နှိုးနေတာကြောင့်လန့်နိုးလာခဲ့တယ်။

မျက်လုံးဖွင့်ပီးကြည့်လိုက်တော့ငုတ်တုပ်ထထိုင်နေတဲ့xzကိုသူတွေ့ရတာမို့ မေးလိုက်တယ်။

" ဘာလို့နိုးနေတာလဲ ဗိုက်ဆာလို့လား? "

xzကတော့အခုလေးတင်သူမက်တဲ့အိပ်မက်ကြီးကိုအထိတ်တလန့်ဖြစ်နေတုန်းပဲ။
ကျလာတဲ့နှာရည်တွေကိုသုတ်ပီးပြောလိုက်တယ်။

" ရိပေါ် ငါအိပ်မက်မက်တယ် အဲ့တာမင်းသိလား ခွေးကောင်ရဲ့ ! "

ဘာမှမသိဘဲအဆဲခံလိုက်ရတဲ့ybမှာတော့ စိတ်မတိုဘဲကျင့်သားရစွာထပ်မေးလိုက်တယ်။

ဘာပေါက်ကရတွေမက်ပြန်ပီလဲမသိပါဘူး! ဒီညတော့သူကောင်းကောင်းအိပ်မရမှာသေချာသွားပီ!

" ဘယ်လိုလုပ်ငါကမင်းအိပ်မက်ကိုသိမှာလဲကွာ.....ဘာတွေမက်ပီးအဲ့လောက်တောင်စိတ်ဆိုးနေရတာလဲ ''

xzက စကားမပြောခင်ybကိုထုရိုက်လိုက်ပြန်တယ်။

သူမကျေနပ်ဘူးလို့ဆို!

" မင်းကိုသေအောင်ရိုက်ပစ်မယ်! အဲ့မှာ..အဲ့မှာ မင်းကငါကဝတုတ်နေလို့ငါ့ကိုထားခဲ့ပီး နောက်တစ်ယောက်နဲ့အတူတူရှိနေတာတဲ့! ချီးလိုပဲ! ငါတော်တော်ဝမ်းနည်းတယ်သိလား ''

နောက်ဆုံးတော့ybလဲသက်ပြင်းသာချလိုက်တယ်။

အိပ်ပျော်နေချိန်ကျမှသူအရိုက်ခံလိုက်ရတာက ဒီလိုရူးကြောင်ကြောင်အိပ်မက်ကြောင့်ပေါ့လေ! သူပါလိုက်ရူးချင်နေပီ တကယ်ပါပဲကွာ!

xzကထပ်ပြောလာပြန်တယ်။

" မင်းကြည့်စမ်း ငါအခုရောအရမ်းဝနေပီလား? ဘာမှလဲသိပ်မစားဘဲနဲ့လေ! "

အိပ်ငိုက်လာတဲ့ybကxzနှိပ်စက်တာကိုခံနေရတုန်းပဲ။
အဲ့တာကြောင့်သူတမင်ပြောလိုက်တယ်။

" ဘာမှမစားဘူး? မင်းကလေ? ဒါဆိုငါဝယ်လာတဲ့မုန့်တွေကိုဘယ်ကြွက်ချီသွားတာလဲ ဟမ်? "

" ဟင့် အဲ့တာကနဲနဲလေးပဲစားတာလေ..စကားမရှည်နဲ့ငါမေးတာဖြေပေး အရမ်းဝနေလားလို့ ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now