Part 25

473 41 1
                                    

Unicode

ရဲစခန်းကဖုန်းကိုလက်ခံပြောပီးနောက်ရဲစခန်းကဖုန်းကိုလက်ခံပြောပီးနောက် ybကချက်ချင်းပဲ ငမွှေထိုးxzဆီလိုက်သွားရတယ်။ အတူတူနေရင်စာမလုပ်ဖြစ်ဘူးဆိုလို့အဆောင်ပေးပြန်လိုက်တာ။အဲ့တော့ဘာဖြစ်လဲ...အခုရဲစခန်းရောက်နေတယ်တဲ့။

ဟားးးသိပ်ကောင်းတယ်!

ybကတင်းကြပ်နေတဲ့နက်ခ်တိုင်ကြိုးကိုဖြေလျော့ရင်းက ကားပေါ်ကနေဆင်းပီးစခန်းထဲဝင်လာခဲ့တယ်။
အထဲရောက်လို့သူကြည့်လိုက်တော့ ထောင့်နားကထိုင်ခုံမှာxzနဲ့အတူတခြား၃ယောက်ကိုပါသူတွေ့ရတယ်။ နှစ်ယောက်ကလုလုနဲ့ဟောက်ရွှမ်း။ ခပ်လှမ်းလှမ်းကဝက်လိုဖူးယောင်နေတဲ့မျက်နှာနဲ့မာန်ဖီနေတဲ့ကောင်ကတော့ သူတို့နဲ့ရန်ဖြစ်တဲ့သူဖြစ်မယ်မှန်းသူခန့်မှန်းလိုက်တယ်။

ybကအရာရှိထံတန်းသွားလိုက်တယ်။

အရာရှိကမော့ကြည့်လိုက်တော့ အထက်တန်းဆန်ဆန် သန့်ပြန်နေတဲ့အဝတ်စားနဲ့ တည်ကြည်နေတဲ့မျက်နှာနဲ့သူကိုတွေ့တော့ သူမေးလိုက်တယ်။

'' ဘာပြဿနာများရှိပါလဲ ''

ybကတိုတိုနဲ့လိုရင်းကိုပဲဖြေတယ်။

'' ကျွန်တော်ကရှောင်းကျန့်ရဲ့အုပ်ထိန်းသူပါ ''

'' သြော်...ခင်ဗျားရောက်လာတာမြန်တာပဲ ရှောင်းကျန့်နဲ့ဘယ်လိုပက်သက်မှုပါလဲ ''

အရစ်ရှည်နေတဲ့အရာရှိကိုybကစိတ်မရှည်ချင်တော့။
သူဖြေလိုက်တယ်။

'' ကျွန်တော်ကသူ့အစ်ကိုပါ ''

တစ်ဖက်ကလူကိုလှမ်းပီးရန်လိုစွာစိုက်ကြည့်နေကြတဲ့xzတို့အဖွဲ့ကybအသံကြားတော့ ခေါင်းလေးတွေထောင်ပီးဝမ်းသာအားရကြည့်လာကြတယ်။

အားးးးငါ့အုပ်ထိန်းသူကြီးရောက်လာပီကွ!

xzမှာအမြီးတနှံ့နှံ့ဖြစ်နေတဲ့ခွေးပေါက်လေးနှယ် ybရှိရာဆီထသွားလိုက်တယ်။ အနားရောက်တော့သူကြားလိုက်တာက ..။

ဘာကြီး...အစ်ကိုတဲ့ ငါ့ထက်ခြောက်လတောင်ငယ်တဲ့စောက်ကလေးလေးကများ ဟွန့်!

ybကပြဿနာကိုဖြေရှင်းပီးတဲ့နောက်မှာ xzတို့၃ယောက်လဲအိမ်ပြန်ခွင့်ရသွားပီဖြစ်တယ်။ ybကမျက်နှာတည်နဲ့စကားတစ်ခွန်းမှမပြောပဲအပြင်ထွက်သွားတာကြောင့် xzတို့လဲအပြစ်သားလေးတွေသဖွယ်ကုပ်ကုပ်လေးပါသွားကြတယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးOù les histoires vivent. Découvrez maintenant