Part 26

364 34 0
                                    

Unicode

xzအိမ်တွင်ရှိသည့်အချိန် ပုံမှန်ဆိုပါကဆူညံပွက်လောရိုက်လို့နေမှာအမှန်ပဲ။ ဒါပေမဲ့အခုချိန်မှာတော့သူ့တည်ရှိမှုကိုသူ့မားစိတ်အနှောက်အယှက်မဖြစ်အောင်နေနေရသည်လေ။
မီးဖိုချောင်ထဲမှာဟင်းချက်နေတဲ့သူ့ပါးဆီထသွားလိုက်တယ်။
ပီးတော့တိုးတိုးလေးပဲပြောလိုက်တယ်။

'' အိုက်ယားး ပါပါးဘာဟင်းတွေချက်နေတာလဲ မွှေးနေတာပဲ ဗိုက်တောင်ဆာလာပီ ဟီးဟီး ''

ရှောင်းပါးကအနောက်ကိုလှည့်လာပီးသူ့သားခေါင်းလေးကိုခေါက်လိုက်တယ်။

'' စပ်ဖြဲဖြဲလုပ်မနေနဲ့ မင်းမားကြားသွားရင်ပါးတို့နှစ်ယောက်လုံးမလွယ်ဘူး တိတ်တိတ်လေးနေစမ်း ''

xzကနာသွားတဲ့ခေါင်းလေးကိုအသာပွတ်လိုက်တယ်။ အခုအခြေနေကအရမ်းတင်းမာနေတယ် သူမနေ့ကပဲဘွဲ့ရခဲ့ပီးပီ။ ဘွဲ့အခမ်းအနားပီးလို့အိမ်ပြန်ရောက်တာနဲ့ သူမျက်လုံးစုံမှိတ်ပီးybနဲ့သူတို့အကြောင်းကိုဝန်ခံခဲ့တယ်။
မားကသူ့ကိုမျက်လုံးကြီးပြူးကြည့်နေပီးခဏကြာတော့ပြောတယ်။

'' ရှောင်းကျန့် စနောက်တယ်ဆိုတာတော်ရုံပဲလေ သွားသွား အဓိပ္ပါယ်မရှိတာတွေပြောမနေဘဲအပေါ်တက်တော့ ''

သူ့ပါးကတော့ဘာမှဝင်မပြောဘူး။

'' သားမနောက်ဘူးမား အဲ့တာကအတည်ပြောနေတာ သား...သားနဲ့ရိပေါ်တို့တွဲနေကြတယ် ''

ဖြန်း!

သူ့ပါးတစ်ဖက်ပူထူသွားတယ်။ ဒါပေမဲ့လဲxzကစောဒကမတက်ရဲဘူး ကျန်တဲ့တစ်ဖက်ကိုပါထိုးပေးလိုက်တယ်။

'' ထပ်ရိုက်ချင်လဲရတယ်မား မားစိတ်ဆိုးမယ်ဆိုတာသားသိတယ် ဒါပေမဲ့လဲမားတို့ကိုသားမကွယ်ဝှက်ထားချင်တော့လို့ပါ မားစိတ်ဆိုးပြေတဲ့အထိရိုက်ပါ ကျွန်တော်ခံပါ့မယ် ''

သူပြောပီးတဲ့အချိန်မှာ သူ့မားကငိုလာခဲ့တယ်။ ပီးတာနဲ့သူ့ကိုစကားတစ်ခွန်းမှမပြောတော့ဘဲအခန်းထဲဝင်သွားခဲ့တယ်။

သူ့ပါးကတော့သက်ပြင်းတွေအကြိမ်ကြိမ်ချပီးနောက်မှာ သူ့လက်မောင်းကိုကိုင်ပီး ပုခုံးလေးကိုနှစ်ချက်ပုတ်ပေးကာသူ့မိန်းမနောက်ကိုလိုက်သွားခဲ့တယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now