Part 18

590 52 5
                                    

Unicode

ညနေဘက်ရောက်တော့xzတို့အခန်းထဲအောင်းမနေနိုင်တော့ဘူး။ ဘာမှလဲမစားတာကိုသွားကချက်ချင်းကြီးထကိုက်တယ်လေ။ အဲ့တာနဲ့ပဲဆေးခန်းသွားဖို့ထွက်လာလိုက်တယ်။

နောက်ဆုံးတော့ အရင်တစ်ခေါက်သွားခဲ့တဲ့ybအစ်ကိုဆီကိုပဲရောက်လာခဲ့တယ်။

ဟိုက်ခွမ်းကxzကိုမြင်တော့ ဝမ်းသာအားရကြိုတယ်။

" အာ ရိပေါ်သူငယ်ချင်းမလား? လာလာ ''

xzကမျက်စောင်းကြီးချီပီးမေးလိုက်တယ်။

" ဆရာ့ရုပ်ကြီးကလဲပြုံးဖြီးနေတာပဲ! ကျွန်တော်သွားကိုက်တာကိုဝမ်းသာနေတာမလား ဟွန့်! "

"  ဟားဟား မဟုတ်တာကွာ! ဆရာဝန်တွေဆိုတာတော့လူနာကိုပျောက်အောင်ကုပေးရမှာကိုတွေးပီးဝမ်းသာနေတာပါကွ ''

ခဏကြာတော့ xzရဲ့ပါးစပ်ကြီးကိုအသားကုန်ဟထားရပီး ဆရာမေးသမျှဖြေပေးနေရတယ်။

" ကဲ ပါးစပ်ပြန်စေ့လို့ရပါပီ ''

" တော်သေးတာပေါ့ဆရာရယ် ကျွန်တော့ပါးစောင်တွေရွဲ့သွားပီတောင်ထင်နေတာလေ တကယ့်ကိုတော်သေးတယ်.. ဟူးး ''

ဟိုက်ခွမ်းက သဘောတကျအကျယ်ကြီးအော်ရယ်နေလိုက်တယ်။ ခဏကြာမှ

" မင်းကတော့ကွာ ပြောလိုက်ရင်အချီကြီးတွေပဲ! ကိုယ့်ညီကအေးဆေးသမားကွ မင်းတို့ဘယ်လိုများသူငယ်ချင်းဖြစ်သွားလဲစဥ်းစားလို့ကိုမရဘူး ''

xzကတော့ဘာမှပြန်ပြောမနေတော့ဘူး။

ဟုတ်တယ် ကျွန်တော်လဲဒီလိုကောင်မျိုးကိုဘယ်လိုကြိုက်မိသွားလဲစဥ်းစားလို့တောင်မရဘူး!

" အခုရက်ပိုင်းအချိုတွေလွန်လွန်ကဲကဲစားလိုက်သေးလား အတွင်းထဲမှာအခေါင်းပေါက်ဖြစ်နေတယ် ''

" အချိုနေနေသာသာ ထမင်းတောင်မစားချင်လို့မစားပါဘူးဆရာရယ် ဘာမှမဟုတ်ဘူး လေဝင်ပီးသွားကိုက်သွားတာနေမယ် ''

" အော် အေးပါကွာ...''

ဟိုက်ခွမ်းကတော့ ကလေးတစ်ယောက်နဲ့ဖက်ပီးပြောမနေတော့ဘူး။

ဘာတဲ့ လေဝင်သွားရုံနဲ့သွားကကိုက်ရတယ်လို့ပဲ အဲ့လိုဆိုပါးစပ်ဖွင့်လိုက်တဲ့လူတိုင်းသွားကိုက်ရတော့မလိုပဲ! ဒီကလေးဟာလေ တကယ့်ကိုပေါက်ပေါက်ရှာရှာတွေတွေးတတ်တယ်!

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now