Part 17

541 55 3
                                    

Unicode

အရင်နေ့ကဆူညံပွက်လောရိုက်နေတဲ့အဆောင်ခန်းလေးကတိတ်ဆိတ်ငြိမ်သက်လို့နေတယ်။

ဘာကိုစိတ်တိုနေမှန်းမသိတဲ့ရှောင်းကျန့်ကအခုချိန်မှာအရူးကြီးလိုပဲ။
အတန်းလဲသွားမတက်သလို နေဖင်ထိုးမှလဲအိပ်ယာထတယ်။
အခုလဲနေ့လည်ဘက်သူတို့ပြန်နားတာတောင် သူကတဝါးဝါးနဲ့သမ်းလို့ကောင်းတုန်း။

" ဟာ ဟေ့ကောင်! မင်းစားလို့မရသေးဘူးလေ! "

ဟွိုင်ဆန်းက ပြောပြောဆိုဆိုနဲ့xzလက်ထဲကမုန့်ထုပ်ကြီးကိုဆွဲလုတယ်။

xzကမျက်ကွင်းညိုနေတဲ့မျက်လုံးကြီးနဲ့ ကြည့်ပီးတော့ နောက်တစ်ထုပ်ကိုဖောက်ဖို့ပြင်တယ်။

ဟွိုင်ဆန်းကထပ်လုပြန်တယ်။

ကျီရန်ကမနေနိုင်ဘဲဝင်ပြောရတယ်။

" ပြန်ပေးလိုက်စမ်းပါကွာ..ဟိုမှာရုပ်ကိုလဲကြည့်အုံး! ငိုတော့မှာဟ! "

" မပေးနိုင်ပါဘူးကွာ အဲ့ကောင်သွားမတိုက်ဘဲစားဖို့လုပ်နေတာလေ! "

" သူ့ပါးစပ်နဲ့သူစားတာပဲကွ ပြန်သာပေးလိုက်စမ်းပါ ''

အခန်းထဲကိုခုမှဝင်လာတဲ့ကျင်းရီက ဒီပုံစံကိုတွေ့ပီးမေးတယ်။

" သူဘာဖြစ်နေတာလဲ? "

ကျန်နှစ်ယောက်ကပုခုံးတွန့်ပြတယ်။ တကယ်တမ်းသူတို့လဲမသိဘူး။ မနေ့ကအဆောင်ပြန်ရောက်ကတည်းကဒီလိုပုံဖြစ်နေတာကိုတွေ့ရတာပဲ။

ကျိရန်ကတိုးတိုးပြောလိုက်တယ်။

" ရိပေါ်တော့သိမယ်ထင်တာပဲ ငါဖုန်းဆက်ပီးမေးကြည့်လိုက်မယ် ''

" အေး ''

အခန်းပြင်ထွက်ပီးကျိရန်က ybဆီဖုန်းခေါ်လိုက်တယ်။
ချက်ချင်းမကိုင်ဘဲ နောက်တခါခေါ်မှသာကိုင်တယ်။
ပီးတာနဲ့ ခက်ထန်တဲ့အသံကြီးကိုသူကြားရတော့တာပဲ။

" ဘယ်သူလဲ! "

" အာ...ငါကကျိရန်လေ ရှောင်ကျန့်သူငယ်ချင်း ''

ထိုအခါမှပဲ လေသံနဲနဲပျော့သွားတာကိုသူတွေ့တယ်။

" ပြော ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now