Part 13

589 54 2
                                    

Unicode

xzတို့အခန်းမှာ ပါမောက္ခအချိန်မို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အောင့်အည်းပီးလိုက်နားထောင်နေကြတယ်။
စာသင်ချိန်ဆို အသေကောင်လိုပိုးစိုးပက်စက်အိပ်တတ်တဲ့hxတောင်မှ မေးကိုလက်တစ်ဖက်ထောက်လို့ ဘိန်းစားမျက်လုံးတွေကိုမှေးစင်းပီးစာလိုက်ကြည့်နေတယ်။

သူကတော့ လက်ထဲကဘောပင်နဲ့စာအုပ်ပေါ်မှာဟိုခြစ်သည်ခြစ်။
စာသင်ချိန်ဆိုဘာမဟုတ်တဲ့ လေတိုက်လို့သစ်ရွက်လေးလှုပ်တာကအစ စိတ်ဝင်စားဖို့ကောင်းတာသူငယ်ငယ်ကတည်းကပဲ။

🎼🎼🎼🎼

" အား လန့်လိုက်တာဟ! F**kပဲ! "

သူ့ရဲ့အထိတ်တလန့်အော်သံကြောင့် ပါမောက္ခကစိတ်တိုပီးလှည့်ကြည့်လာခဲ့တယ်။ အတန်းသားတွေကလဲxzဘာမွှေပြန်ပီလဲဆိုတဲ့အကြည့်နဲ့ကြည့်တယ်။

သူသွားဖြဲပီးပြုံးပြလိုက်တယ်။

ပါမောက္ခကသူ့ကိုတချက်မေးငေါ့တယ်။ပြီးနောက်မှာ

" ဟိုကျောင်းသား မင်းဒီအတန်းကမဟုတ်ဘူးလား? "

သူကိုယ့်အသိစိတ်နဲ့ကိုယ်မတ်တပ်ထရပ်ပီးဖြေရတယ်။

" ကျွန်တော်ဒီအတန်းကကျောင်းသားမှန်ပါတယ်ဆရာ ''

" ဒါဆိုငါချ​မှတ်ထားတဲ့စည်းကမ်းတွေမင်းနာခံရမယ်လေ ငါ့အချိန်မှာဖုန်းကိုsilentလုပ်ဖို့နှစ်စကတည်းကငါပြောပီးသားပဲ! ဖြေရှင်းချက်မလိုဘူး အခုကစပီးတစ်ပတ်တိတိငါ့အချိန်ကိုမင်းလာတက်လို့မရဘူး! ဒါအသက်ညှာဆုံးအပြစ်ပေးတါပဲ ဘာပြောစရာရှိလဲ? "

xzစိတ်ထဲမှာတော့အခါတစ်ရာလောက်ပြန်ပြောပီးနေပီ။အပြင်မှာတော့

" မရှိပါဘူးဆရာ နားလည်ပါပီ ''

ဆရာထွက်သွားပီးချိန်မှာhxကဆဲလာတယ်။

" ကိုယ့်သေလမ်းကိုယ်ဖောက်နေတာဟုတ်လား? ဒီလူကြီးနဲ့မှပြဿနာဖြစ်ရတယ်လို့ပဲ! ချီး! အခုမင်းနာမည်သူမှတ်သွားပီလေ နောက်ဆိုမင်းကိုပဲမျက်စိဒေါက်ထောက်ကြည့်နေတော့မှာကွ မင်းတော့သေပြီပဲ ကျွတ် ကျွတ်.. ''

" နားစမ်းပါကွာ! သူ့ဘာသူမျက်စိအညောင်းခံကြည့်တာပဲ ကြည့်ပစေပေါ့! ငါကချောလွန်းလို့သူကြည့်မဝမှာပဲစိုးတယ်..''

ကျွန်တော့်ချစ်သူ ဆိုးပေလေးحيث تعيش القصص. اكتشف الآن