Part 14

577 59 10
                                    

Unicode

" ရှောင်းကျန့် ...ရှောင်းကျန့်...မင်းမထသေးဘူးလားဟမ်? "

ybစကားကိုအဖက်မလုပ်စွာဘဲ xzက အင်းအဲလုပ်ပီး မှောက်ခုံဆက်အိပ်နေတယ်။
သူတို့ကအခုဆို တတိယနှစ်ကျောင်းသားတွေဖြစ်နေပီလေ။
xzလဲအိမ်နဲ့အဆောင်မှာနေတာကခပ်ရှားရှားရယ်။
အကုန်အကျသက်သာအောင်လို့ybရဲ့တိုက်ခန်းမှာပဲလိုက်နေဖြစ်တယ်။

ybက ဆက်အိပ်နေတဲ့xzရဲ့နားနားကိုကပ်ပီး လေနဲ့မှုတ်လိုက်တယ်။

xzမှာတော့ ရုတ်တရက်မို့လန့်သွားရတယ်။ သူနောက်ပြန်လှည့်ကြည့်ပီး မှောက်လျက်သားကြီးကနေပဲ ခြေထောက်နဲ့ပိတ်ကန်ထည့်လိုက်တယ်။

ybကမျက်မှောက်ကြုံ့လိုက်ပီးနောက် လှုပ်စိလှုပ်စိဖြစ်နေတဲ့ တင်ပါးလုံးလုံးလေးကို ခပ်ဆတ်ဆတ်လေးပိတ်ရိုက်ပစ်လိုက်တယ်။

သူက ဆိုးလွန်းပီးအကျင့်တွေလဲပျက်ကုန်ပီ!

ဒီတစ်ခါတော့ xzနိုးလို့လာရပီ။ ဒါပေမဲ့အပြည့်အဝကြီးတော့မဟုတ်လေဘူး။ ပိတ်တစ်ဝက်ဖွင့်တစ်ဝက်မျက်လုံးနဲ့ပဲ ထထိုင်ပီးခေါင်းကိုစုံကုတ်လို့နေတယ်။
ယားလို့လားဆိုတော့မဟုတ်ဘူးလေ ဒါကအိပ်ယာနိုးလာခါစလူတိုင်းရဲ့အကျင့်မဟုတ်ဘူးလား။
ပီးတော့ လက်နှစ်ဖက်ကိုရှေ့ကိုဆန့်ထုတ်လိုက်ပီးနောက်

" ချီအုံး ''

ybကတော့မညှာမတာပဲပြောပစ်တယ်။

" သေလေ မင်းရဲ့ဝက်လိုအလေးချိန်ကြီးကိုငါကဘယ်လိုချီနိုင်မှာလဲ စဥ်းစဥ်းစားစားလဲပြော! "

xzကတော့ ဝမ်းနည်းသွားပီး သူ့ကိုယ်သူငုံ့ကြည့်လိုက်တယ်။

" ဘယ်နားမှာငါကဝနေလို့လဲ မင်းစကားကိုအဲ့လိုကြီးမပြောစမ်းနဲ့! ငါစိတ်ပျက်ပီးမင်းကိုထားပစ်ခဲ့မှာမင်းမကြောက်ဘူးလားဟမ်? ငါအခုချက်ချင်းအိမ်ပြန်ပြေးလိုက်မှာနော် ''

သူပြောပီးပီးချင်းမှာပဲ ybကသူ့ကိုကောက်ပီးပွေ့ချီပစ်လိုက်တယ်။ ပီးနောက် ရေမိုးချိုးပီးသန့်စင်ရန်ရေချိုးခန်းထဲထည့်ပေးလိုက်တယ်။ သူမချီရင် တမနက်လုံးသူအရစ်ခံနေရလိမ့်မယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးTempat cerita menjadi hidup. Temukan sekarang