Part 19

696 64 9
                                    

Unicode

ဒီနေ့ညမှာ xzတို့ရဲ့သူငယ်ချင်းတွေစုပီးပျော်ပွဲရွှင်ပွဲလုပ်ဖြစ်ကြတယ်။
xz တို့အဆောင်ခန်းရဲ့ အငယ်ဆုံးကောင်လေးကျင်းရီရဲ့မွေးနေ့မို့ သူကအားလုံးကိုဖိတ်ပီးစားသောက်ဆိုင်မှာလိုက်ကျွေးတယ်။ ပီးတာနဲ့အနီးစပ်ဆုံးကာရာအိုကေဆိုင်ကိုသီချင်းဆိုဖို့လာခဲ့ကြတယ်။

ybကဒီလိုဆူညံတဲ့နေရာတွေကိုမနှစ်သက်တာမို့ အစောကြီးပြန်ခဲ့ချင်ပေမဲ့လဲ ပြဿနာအိုးxzကိုစိတ်မချရတာမို့ မျက်နှာရှစ်ခေါက်ချိုးနဲ့သာပါလာခဲ့တယ်။

အခန်းတွင်းဆူညံတာတွေများလွန်းလို့ybမှာနားစည်တွေတောင်ကွဲကုန်ပီလားမှတ်ရတယ်။ ရွယ်တူတွေချင်းဆိုပေမဲ့သူ့မှာဒီလိုအကြိုက်တွေမရှိခဲ့ဘူး။
xzကတော့သူနဲ့ဆန့်ကျင်ဘက်ပဲ။ အခုလဲမိုက်ကိုအပိုင်ယူထားပီး အသားကုန်ပြဲလန်အောင်အော်နေတယ်လေ။

ဟွိုင်ဆန်းက xzလက်ထဲကမိုက်ကိုလုယူချင်နေတယ်။ တစ်ချိန်လုံးသူပဲယူထားပီးဖင်ကွဲအောင်အော်ဟစ်နေတယ်။

သူလဲဆိုချင်တယ်လို့! ငလူးတဲ့မှပဲ! လိပ်ခေါင်းထွက်မဲ့ကောင်!

xzဆိုနေတဲ့သီချင်းပီးဆုံးသွားတာနဲ့တစ်ပြိုင်နက် ပြေးလုပစ်လိုက်တယ်။ xzရဲ့ငိုသံပါအော်သံကြီးကိုသူတို့စိတ်ပျက်စရာကောင်းအောင်ကြားလိုက်ရတယ်။

" အားးး! ဟေ့ကောင် ငါဆိုအုံးမှာလို့! ငါ့ဟာပြန်ပေး ငါ့ဟာပြန်ပေး! ဝမ် ရိ ပေါ် ! မင်းဘာထိုင်လုပ်နေတာလဲ လာပီးပြန်လုယူပေး! အီးဟီးး ''

မူးနေတဲ့xzကယိုင်တိုင်တိုင်နဲ့ဟွိုင်ဆန်းလက်ထဲကမိုက်ကိုပြန်လုယူတယ်။ ဘေးနားကကျင်းရီနဲ့ ကျိရန်ကသူတို့နှစ်ကောင်ဘေးနားကဆွဲနေရတာနဲ့ လေးယောက်သားလုံးထွေးနေကြတယ်။

" အကုန်လုံးတိတ်ကြစမ်း! "

"..............''

ybကသီချင်းသံကိုပိတ်လိုက်ပီး ဒေါသတကြီးအော်တော့ လေးယောက်သားကကြောင်တောင်တောင်ရုပ်လေးတွေနဲ့မော့ကြည့်ကြတယ်။ ဘယ်သူကမှလဲထပ်မဆူညံရဲတော့ဘူး။

xzကအရင်ဦးဆုံးမျက်နှာငယ်လေးနဲ့ပြောတယ်။

" ရိပေါ်..ဘာလို့အော်တာလဲ ငါလန့်လို့သေတော့မှာပဲ ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now