Part 16

531 48 3
                                    

Unicode

လက်ရှိမှာ xzတစ်ယောက်ခေါင်းကနေအငွေ့တွေတလူလူထွက်နေသည်ထိဒေါသူပုန်တွေထနေတယ်။
လွန်ခဲ့တဲ့နာရီဝက်က သူ့ညီမကဖုန်းဆက်ပီးပြောလာတယ်။

" ဟဲ့ အရှည်ကြီး! နင့်ယောက်ျားဖောက်ပြန်နေပီတဲ့! " လေ။

အဲ့တာနဲ့သူလဲအထိတ်ထိတ်အလန့်လန့်နဲ့ ဘာဖြစ်နေလဲမေးကြည့်တော့ ybနဲ့ကောင်မလေးတစ်ယောက်ကို ကျောင်းနားကcoffeeဆိုင်မှာတွေ့တယ်တဲ့လေ။

ဘာလို့လဲ? ဒီအချိန်ကအမှန်ဆို ybသူ့အတန်းထဲမှာရှိနေရမှာလေ!

သူစိတ်တိုစွာနဲ့ပဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပီး ပါးစပ်ထဲထည့်ကိုက်နေလိုက်တယ်။

ဟုတ်တယ်! သူ့မှာဝုန်းဝုန်းဒိုင်းဒိုင်းလုပ်ဖို့အခွင့်မရှိဘူး။ ပါချုပ်ကအရှေ့မှာစာသင်နေတယ် ပီးတော့လဲအတန်းချိန်ပီးဖို့က၁၅မိနစ်ကြီးများတောင်လိုနေသေးတယ်။

hxကတော့ ဖင်တကြွကြွနဲ့သူ့လက်သူပြန်ကိုက်နေတဲ့xzကို ကြည့်တယ်။ ဆံပင်တွေကလဲဆွဲဖွထားလို့ ထိုးထိုးထောင်ထောင်နဲ့မိုးကြိုးပစ်မဲ့လက္ခဏာတွေပြနေပီ။ တကယ်ပါ ဒီလိုကျပ်မပြည့်တဲ့xzနဲ့ဘယ်လိုပေါင်းဖြစ်လဲသူကိုယ်တိုင်တောင်မသိဘူး။

မဟုတ်မှ ရှောင်းကျန့်ကအရင်ဘဝကခွေးဖြစ်ခဲ့တာများလား!

ပါချုပ်အပြင်ထွက်တာနဲ့တပြိုင်နက် လေလို အလျင်နဲ့xzက နောက်ကခွေးလိုက်ဆွဲသလိုမျိုးအပြင်ပြေးထွက်သွားတယ်။

" ငိုး! ဖြေးဖြးသာသာလုပ်ပါဟ! "

အမြဲတမ်းကြည့်လိုက်ရင်ဆပ်ပြာသည်လင်ပျောက်နေသလိုလို!

ရှောင်းကျန့်က လုလုပြောတဲ့ဆိုင်ကိုလာခဲ့တယ်။ ဆိုင်ထဲဝင်မလို့ကြံတော့ အပြင်ကိုထွက်လာတဲ့ybနဲ့တွေ့တယ်။

ချွေးတလုံးလုံးနဲ့xzကိုybကကြည့်ပီးမေးတယ်။

" ကော်ဖီဝယ်မလို့လား ''

xzကစိတ်ထဲမှာတွေးနေတယ်။ အပြင်မှာတော့ထုတ်မပြောရဲဘူး။

ချီးပဲ! ငါ့ကိုမသိဘူးများထင်နေလားကွ!

သူybကိုကျော်ပီး ဆိုင်အတွင်းဘက်ကိုကျီးကန်းတောင်းမှောက်ရှာကြည့်တယ်။ ပီးတာနဲ့လုလုကိုဆဲလိုက်တယ်။ ဘယ်မှာလဲဂါဝန်လှလှနဲ့ကောင်မလေး? သူတွေ့တာတော့ကောင်တာကuniformဝတ်ထားတဲ့အစ်မကြီးပဲတွေ့တယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now