Part 9

600 57 5
                                    

Unicode

အခုဆိုရင်xzတစ်ယောက်ybနဲ့ချစ်သူသက်တမ်း၂လကြာသွားပီဖြစ်တယ်။ ပုံမှန်အတွဲတွေလိုမဟုတ်ဘဲ ယောက်ျားလေးနှစ်ယောက်ဖြစ်နေတဲ့အတွက်လူမြင်ကွင်းကြီးမှာ ပလူးပလဲဖက်နေ နမ်းနေလို့မရဘူး။ ဒါပေမဲ့လဲအတွဲတွေရဲ့ထုံးစံအရ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ သူဒီလူနဲ့တွဲနေတယ်ဆိုတာhxကိုလဲသူပြောပြထားတယ်။
hxကတော့ဘာမှမှတ်ချက်ပေးမလာဘူး 'မင်းအဆင်ပြေတယ်လို့ထင်ရင်အဲ့လိုလုပ်ပေါ့' တဲ့။
ဒါပေမဲ့သူတို့ဘာပဲလုပ်လုပ်ပေါ်ပေါ်ထင်ထင်မလုပ်ကြဘူး။ ကိစ္စရှိရင်လူတွေကွယ်ရာကိုပဲသွားတတ်ကြတယ်။

ဥပမာ..အခုလိုစောက်ရမ်းတွေအနံ့အသက်ကောင်းနေတဲ့ အိမ်သာမျိုးပေါ့။

ybက သူ့ကောင်လေးကိုထောင့်မှာပိတ်ထားပီး အသည်းအသန်ကိုဝါးမတတ်စားမတတ်နမ်းနေတော့တယ်။
xzမှာတော့အိမ်သာနံ့ကြီးကိုလဲရှူနေရတယ် တစ်ဖက်ကလဲနှုတ်ခမ်းတွေထုံနေအောင်အနမ်းခံထားရတာဖြစ်လို့ သူ့ရဲ့ဘဲစုတ်ဘဲနာကြီးကိုရိုက်သတ်ပစ်ချင်နေပီဖြစ်တယ်။

ငါဒီလိုနဲ့သူ့ဗိုက်ထဲတော့ရောက်မသွားလောက်ဘူးမလား! ဒီမြေနိုးကတော့လေ!

" အွန်း...ရပ်လိုက်တော့! သူများတွေရောက်လာလို့မြင်သွားရင်မလွယ်ဘူး အ့! လိမို့ကိုက်ဆွဲတာလားဟ! "

နောက်ဆုံးတော့ybလဲ ခက်ခက်ခဲခဲနဲ့မလွှတ်ချင်ပဲလွှတ်ပေးလိုက်ရတယ်။ ဒါတောင်မှသံယောဇဥ်အမျှင်တန်းပီး xzနှုတ်ခမ်းတွေကိုတပြွတ်ပြွတ်နမ်းနေလိုက်သေးတယ်။

" ဒီမှာဘယ်သူမှမရှိဘူးလေကွာ မြင်တော့ရောကိုယ့်ရည်းစားကိုယ်နမ်းတာလေ! ဘယ်သူ့ကိုအရေးလုပ်နေရမလဲ! အရေးမပါတာပဲ! "

ဒေါသတွေထွက်ပီးတခြားသူတွေကိုအပြစ်ပြောနေတဲ့ybကို xzကခေါင်းကိုခပ်ဆတ်ဆတ်လေးရိုက်ပေးလိုက်တယ်။

" သွားစမ်း! အတန်းသာပြန်သွားလိုက် "

" စိတ်တိုပြတယ်ပေါ့? မသိရင်ငါကပဲဇွတ်လုပ်နေတာကျလို့ မင်းကိုမနမ်းရတာ ၃ရက်တောင်ရှိနေပီလေ! "

" အဲ့တာဘာဖြစ်လဲ မဟုတ်ရင်မင်းသေမှာမို့လို့လား! ပီးတော့လဲငါ့သူငယ်ချင်းတွေရှိနေရင်အနားသိပ်မကပ်နဲ့ သူတို့သိရင်မလွယ်ဘူး ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now