Part 4

671 62 6
                                    

Unicode
သူ့လက်ထဲမှာ ယက်ကန်ယက်ကန်လုပ်နေတဲ့သူကို ကျန်တဲ့လက်နဲ့ပါးစပ်ကိုအုပ်ပီး အံကြိတ်ပြောလိုက်တယ်။

" ရုံးခန်းမရောက်ချင်ရင်ပါးစပ်ပိတ်! စည်းကမ်းထိန်းသိမ်းရေးကမင်းအဖေမဟုတ်ဘူး! "

ဒါတောင် သူ့လက်ထဲကပေတိုးကဝူးဝူးဝါးဝါးတွေလုပ်နေသေးတုန်းပဲ။

စာကြည့်တိုက်အပြင်ကိုထွက်ပီး အနောက်ဘက်လူရှင်းတဲ့နေရာကိုခေါ်လာခဲ့တယ်။
ပီးတော့ပိတ်ထားတဲ့ပါးစပ်ကိုဖွင့်ပေးလိုက်တယ်။

ပါးစပ်ပိတ်ခံရတာကနေလွတ်တာနဲ့ xzတို့ပထမဆုံးလုပ်တာကဆဲတာပဲ။

" ဖီ! ဘောကိုပဲ! ငါ့နှုတ်ခမ်းလေးကိုလက်ကြမ်းကြီးနဲ့နင်းကန်ပိတ်ရလား! အားးးငါ့နားရွက်ကိုလာမဆွဲနဲ့နော်ဟျောင့်! "

လိမ်ဆွဲခံလိုက်ရတဲ့နားရွက်ကိုအုပ် နှုတ်ခမ်းကိုရှေ့တစ်တောင်လောက်ထော်ပီး သူကြည့်လိုက်တယ်။

ရိပေါ် လက်ပိုက်ပီး နံရံကိုခြေတစ်ဖက်ထောက်ကာမှီရပ်လိုက်တယ်။

" ပြောလို့ရပီ ပြော! "

" ဟမ်? ဘာပြောရမှာလဲ ''

" မင်းစောက်ပိန်းလား! ငါ့နောက်ကိုဘာကိစ္စstalkerလိုလိုက်နေတာလဲမေးနေတာဟ!''

" အော်...အစထဲကအဲ့လိုပြောပါလားလို့ ငါ့အမေကပြောတယ် ငါမွေးတုန်းကငါ့ဦးနှောက်ကသေးသေးလေးတဲ့ ပီးတော့ကြီးလာတော့လဲဦးနှောက်ကနဲနဲလေးပဲထပ်ကြီးလာတာတဲ့ အ့ကြောင့်ငါကသူများထက်နဲနဲတော့ပိန်းတယ်တဲ့ ဒါမဲ့ငါ့ကိုယ်ငါတော့ဉာဏ်အရမ်းကောင်းတယ်လို့ထင်....''

ရိပေါ်ကတော့ စကားတွေရေပက်မဝင်ပြောနေတဲ့ကောင်ကိုကြည့်ပီးကိုင်ပေါက်ချင်စိတ်တွေဖြစ်လာရတယ်။

" Ok ငါလူလိုမေးနေတာနော်! မင်းကျပ်မပြည့်တဲ့အကြောင်းငါမသိချင်ဘူး ငါဒီလောက်စကားအရှည်ကြီးပြောဖူးတာလဲပထမဆုံးပဲ နောက်တခါထပ်မေးရရင်တော့ မင်းကိုဒီနေရာမှာပဲသတ်ပီး အလောင်းဖျောက်ပေးလိုက်မယ် နားလည်လား! "

" အိုက်ယိုးးး ပြောမှာပေါ့ ဘာဖြစ်နေတာလဲ ငါကရောမင်းနောက်ကိုအားအားယားယားလိုက်ချင်တယ်များထင်နေလို့လား! ငါ့ညီမကလိုက်ခိုင်းလို့လိုက်တဲ့ဟာကို ! ပီးတော့လဲငါမှမဟုတ်ဘူး တခြားကောင်မလေးတွေလဲမင်းနောက်ကိုလိုက်နေကြတာပဲကို အခုမှဘာလာဖြစ်နေတာလဲ! "

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now