Roomate?

2.5K 192 24
                                    

[Unicode]

At Seoul National University:

    မိုးကောင်းကင်တွင်လဲ တိမ်ဆိုင်တိမ်သားတို့ ကင်းစင်ကာ မနက်ခင်း အအေးငွေ့သဲ့သဲ့လေးသာ ခံစားနေရသော ရာသီဥတုအခြေအနေလေးကြောင့် လမ်းမများပေါ်တွင်တောင် လူတော်တော်များများ ရှင်းလင်းနေလေသည်။ သို့သော်လည်း ဆိုလ်းအမျိုးသားတက္ကသိုလ်တော့ ပါဝင်မနေခဲ့။ အကြောင်းကား ယနေ့သည် စာသင်နှစ် တစ်နှစ်၏ အစဖြစ်သောကြောင့်ပင်။
       တက္ကသိုလ်ထဲတွင်လည်း ကျောင်းသားကျောင်းများစွာဖြင့် စည်ကားလျက်၊ ကျောင်းစအပ်မည့်သူများ၊ အဆောင်နေမည့်သူများ စသဖြင့်။ ထိုအထဲတွင် ယနေ့မှ ကျောင်းအဆောင်သို့ပြောင်းလာသည့် ပထမနှစ်ကျောင်းသားလေး ဂျွန်ဂျောင်ကုလဲ အပါအဝင်ပင် ဖြစ်သည်။

      "ဟိုလေ၊ တစ်စိတ်လောက်ခင်ဗျ"

ထိုစကားသံကိုကြားပါမှ ပွစိပွစိဖြင့် စကားများနေသော မိန်းကလေးနှစ်ယောက်မှာ စကားစကို ရပ်တန့်၍ တစ်ပြိုင်နက်လှည့်ကြည့်လာကြသည်။ ဤသည်ကိုမြင်တော့ ဂျောင်ကုလဲ

      "မိန်းကလေးတွေဆိုတော့ သိမလားတော့ မသိပေမဲ့ ကျွန်တော် Computer Science ယောကျ်ားလေးအဆောင်ကို သွားချင်လို့ပါခင်ဗျ၊ အဲ့ဒါလမ်းများညွှန်ပေးနိုင်မလား?"

ဖော်ဖော်ရွေရွေနေတတ်သော်လည်း သူစိမ်းများနဲ့ ပြောဆိုရာမှာတော့ အမြဲရှက်ရွံ့တတ်သည့်အကျင့်အရ ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်မိတော့ ဆံပင်အတိုနှင့်မိန်းကလေးက

     "အဲ့ အဲ့ဒါကလေ ဒီတည့်တည့်သွားလို့ စာကြည့်တိုက်ကိုတွေ့ရင် ဘယ်ဘက်ကလမ်းလေးထဲ ကွေ့လိုက်ပြီး နောက်ဆက်သွားလိုက်ရင် ဒေါင့်ဆုံးက အဆောင်ထင်တယ်" ဟု အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလာသည်။

ထိုမိန်းကလေးအား ကျေးဇူးတင်စကားပြောကာ အထုပ်အပိုးများအား မနည်းသယ်မ၍ သွက်သွက်သာ လျှောက်သွားရတော့သည်၊ သူက ဖတ်စာအုပ်တွေပင် မထုတ်ရသေးဘူး မဟုတ်ပါလား။

အဲ့ဒါကြောင့် စောစောထဲက ဆိုလ်းလာပါမယ်ဆို.. မေမေကြောင့် တကယ်ပဲ......ဟု ခပ်ဆူဆူတွေးမိသေးသည်။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now