[Unicode]
|NAVER မှာ အဲ့လို ပြောထားတယ်|
"ဟို ဟိုလေ ဆေးခန်းသွားစရာ မလိုလောက်ဖူး ထင်တယ်နော် ဟီး"
မိမိအင်္ကျီစအား ဆွဲကာ အားတုံ့အားနာလေး ပြောလာသော ကောင်လေးအား ထယ်ယောင်း လှည့်ကြည့်မိတော့ ဒီအတိုင်းလေး သွားဖြဲကာ ရီပြနေသည်။
"လိုတယ်"
ပြောရင်းသာ ရှေ့မှ ခပ်သွက်သွက်သွားမိသည်။ ဆေးခန်းသို့ ရောက်ချင်လှပါပြီ
ရှေ့မှ မြန်မြန်မသွားမိရင်လဲ သူကပဲ ပွေ့ချီပြီး ခေါ်သွားလိုက် ချင်ပါသည်။
သို့သော်လည်း ထိုသို့ လုပ်လိုက်လျှင် ကောင်လေး အနေခက်နေမည် စိုးသောကြောင့် ကိုယ့်လက်ကိုယ် သေချာ ထိန်းကိုင်ထားကာ နေနေရသည်။
ဂျောင်ကုကီလေးကတော့ သူဘာများ မှားနေလဲ တကယ်ပဲ မသိတော့ပါ~
ဘာလို့များ ဒီလောက် အသည်းအသန် ဆေးခန်း ပို့နေရတာပါလဲ~ထိခိုက်သွားတာ သူမဟုတ်ပဲ ရှေ့က လူများလား??
မျက်နှာချိုလေး သွေးပြီး မလိုကြောင်း ပြောသော်လည်း လူကို မျက်မှောင်ကြီးကြုတ်ကာ ပြန်ကြည့်သဖြင့် သူ့မှာ ဘာမှ ပြန်မပြောရဲ။
ရှေ့ကနေ ခပ်သွက်သွက် သွားတော့လည်း သူ့မှာ ပြေးလိုက်ရပြန်ပါသည်။
သူ့ထက် အရပ်ကလေးက နည်းနည်း ပိစိလေး မြင့်တာကို ခြေတံကြီးတွေက အရမ်းရှည်နေသလိုပါပဲ။ ကျော်ခွသွားလိုက်တာများ~
ဒီလိုနှင့် သူတို့နှစ်ယောက် အလျင်အမြန် ဆေးခန်းကို ရောက်သွားတော့ တာဝန်ကျ ဆရာဝန်က ရှိမနေ။
"အလုပ်တာဝန်ကို လေးစားမှုမရှိဘူး!"
ဆရာဝန် မရှိသဖြင့် အပျော်ကြီး ပျော်နေသော ဂျောင်ကုလဲ ထိုစကားကို ကြားမှ ကြောင်သွားမိသည်။
ဆရာဝန်ကိုပါ ပြောနေပြန်ပါပြီ!
တကယ် မကြောက်တတ်တဲ့ လူပဲ!"အာာ လာပါ
ငါတကယ် ဘာမှကို မဖြစ်ဘူး
ပြန်ရအောင်နော် ထယ်ယောင်း
ပါမောက္ခကိုလဲ အားနာဖို့ကောင်းတယ်လေ"