Are you afraid of the dark night?

1.1K 149 30
                                    

[Unicode]

"ဒီနေ့ အားလုံးကို ပြောချင်တာက နောက်တစ်ပတ် မှာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ရှိမယ်။ ခါတိုင်းတော့ စီနီယာတွေပဲ စီစဉ်ပေးပေမဲ့ ဒီတစ်ခါ တော့ စီနီယာတွေက စာတမ်းဖတ် ရမှာ မလို့ မင်းတို့ ကူပေးနိုင်ရင် တော့ ပိုကောင်းတာပေါ့.....ကဲ လာ လာ မိတ်ဆက် လိုက်ကြဦး" ဟု ဆိုရင်း အခန်းတံခါးဝ မှ ရပ်စောင့် နေကြသော ကျောင်းသား ကျောင်းသူတစ်အုပ်အား အခန်းတွင်း သို့ ခေါ်လိုက်သည်။

ကျောင်းတွေ စဖွင့်တာ တစ်ပတ်ပင် ကျော်နေသော် လည်း ဒီ စီနီယာ ကျောင်းသား တစ်အုပ်၏ စာတမ်းဖတ်ပွဲ ကြောင့် ပထမနှစ် တွေကို သေချာတောင် ဂရုမစိုက်အား။ ဒီလောက် စာတမ်းတွေနဲ့ အလုပ်ရှုပ် နေကြ တာတောင် ကြိုဆိုပွဲကို သတိရ ကြသော ဒီကောင်တွေက တစ်ကယ်တော့ စာပိနေလို့ ပွဲရှာ နေကြမှန်း ပါမောက္ခ ဘတ်ဂွန်ဝူး လဲ သိပါသည်။

ပထမနှစ် အဖွဲ့ကလဲ စာတော့ တော်တော် လိုက်လုပ် နေကြတော့ မေ့နေကြတယ်ဟု ထင်မိသော်လည်း ဟိုနေ့က forum မှာမြင်မိတာ စာတွေပဲ စွတ်သင် ပြီး ရှုးချင် ယောင်ဆောင် နေသော လူအိုကြီးတဲ့ လေ သူအတန်းထဲမှာ စာသင်ရင်း သမ်းမိသွားသော လျက်တစ်ပြက် ပုံလေးနှင့်ပင် တွဲထားလိုက်သေး။

လေးဆယ် ကို ရှစ်နှစ်လေးပဲ စွန်းတဲ့ ဒီဆရာကိုလေ။ စိတ်ကလဲ သိပ်မရှည် ချင်တာကြောင့်

"ကဲ ပြောစရာရှိတာ မြန်မြန်ပြော စာကသင်ရဦးမှာ။"

ဆရာက မြန်မြန် လောဆော်မှ အလုအယက် ပြောရန် ပြင်နေသော စီနီယာတွေကို ဂျောင်ဂု ငေးနေမိသည်။
ဘာလို့လဲ နေပါဦး... စာတွေ မြန်မြန်သင်ပြီး လုပ်ရမဲ့ အချိန်တောင် မလောက်တာကို ဘာကြိုဆိုဦး မှာလဲ။

မြန်မြန်ပြီးပြီး မြန်မြန်ထွက် ကြပါ ဟုသာ ဆုတောင်းနေမိသည်။ ဆရာရေ စာမြန်မြန် သင်ပါတော့။

အခန်းတွင်းသို့ ဝင်လာသော လူများကို ကြည့်ကာ ပျော်နေကြသော အတန်းဖော်များကို ကြည့်ရင်း ထယ်ယောင်းကတော့ သူနှင့် မဆိုင်သလို ပင် ဖုန်းထဲမှ ဂိမ်းထိုင်ဆော့ နေလေသည်။ ဘေးမှ ပွစိပွစိ ရေရွတ်သံ ကြောင့် လှည့်ကြည့်မိတော့ အသားဖြူဖြူ ဆံပင် အရှည်လေးနဲ့ တစ်ယောက်၊ နာမည်တော့ မသိ။ တစ်ခန်းထဲ နေသော်လည်း သူကလဲ မပြောပြသလို ကိုယ်ကလဲ မမေးကြည့် သဖြင့်ပင်။ အရှေ့က လူစုကို ကြည့်ပြီး မြန်မြန်ပြန်ပါတော့ တဲ့။ သူ့အကြွေးရှင် များပါနေလိုများလား???

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now