Class Rep;

1.3K 164 46
                                    

[Unicode]

ဒီလိုနှင့်ပဲ ဂျောင်ကုတို့ ကျောင်းဖွင့်ခဲ့သည်မှာ တစ် ပတ်ခန့်ပင် ကြာမြင့်နေပြီ ဖြစ်လေသည်။ ထို အတောအတွင်း အခန်းနံပါတ်  (၉၀၁) ရှိလူလေးယောက်တွင် တစ်ဦးမှအပ ကျန်လူများကား အတော်ပင် စည်းလုံးညီညွတ်နေကြပြီပင်။ ပထမဆုံး စာသင်ချိန် ကတည်းက အတူတူ ထိုင်ခဲ့ကြ သဖြင့် သူ့စာကိုယ်ကူး ကိုယ့်စာကိုယ်ကူးဖြစ်ကာ အမြဲမခွဲ တစ်တွဲတွဲပင်။

ထိုကျန်ရစ်သော တစ်ဦးတစ်ယောက်ကတော့ အဆောင်တွင် ပစ္စည်းပစ္စယများ ထားသည်မှအပ ပြန်ပင်မအိပ် သည်မို့ ကျောင်းစဖွင့်သောနေ့ မှစ ပေါ်မလာသော်လည်း မည်သူမျှ မဆက်သွယ်တတ်။ ဒီလိုနှင့် လေးယောက်ခန်းမှ သုံးယောက်ခန်း ပင်ဖြစ် နေတော့သည်။

အခုလည်း သုံးယောက်သား မနက်စာစားနေတုန်း

"ဟျောင့်တွေ ဟိုမှာ ငါတို့အခန်းဖော် နတ်ဘုရားကြီးမဟုတ်ဖူးလား"

ဟု ဆော့ဂျင်ကပြောတော့ ဝေ့ကြည့် လိုက်တော့ ဟုတ်ပါသည် သူမှသူအစစ်ပင်။

မနက်အစော အတန်းတွေ မစခင် ဖြစ်နေသဖြင့် လူရှင်းနေ သော်လည်း သူ့ဘေးတွင်တော့ ကောင်မလေး သုံး၊လေးယောက် ဝိုင်းလျက်။

စတွေ့ကတည်းက အမြဲအတောင့်လိုက် မျက်နှာသေနှင့်လူက ဘာလုပ်ရမှန်းမသိဟန် ခေါင်းကုပ်နေလျက်နဲ့ ရီချင်စရာ တော့ ကောင်းသားပင်။

သူတို့ သုံးယောက်ကတော့ အေးအေးဆေးဆေး စားသောက်လျက်၊
ဂျောင်ကုလဲ အခုမှ စဉ်းစားမိသောကြောင့် မနေနိုင်မထိုင်နိုင် မေးမိတော့သည်။

"နေပါဦး မင်းတို့ပြောနေတာ နတ်ဘုရား နတ်ဘုရားနဲ့ သူကအစွမ်း ရှိလို့လား?"

ထိုစကား ကြားတော့ ပေါက်စီတွေ ပလုပ်ပလောင်း ပါးစပ်ထဲ အပြည့်သွတ်ထည့်နေသော ရှေ့က နှစ်ယောက်က ကြောင်ကြည့်လျက်။ ပါးစပ်ဖောင်းဖောင်းလေးတွေနှင့် ထိုနှစ်ကောင်က စကားမပြောသော အချိန်များတွင်တော့ ထိုသို့ တိရစ္ဆာန် အကောင်ပေါက်ကလေး များလို ချစ်စရာကောင်းလှပါသည်။

သူမေးလိုက်သော မေးခွန်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြလျက်

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now