He's not that bad!!!

943 126 20
                                    

[Unicode]
အာချောင်မိခြင်း ၏ အကျိုးဆက်ကတော့ ပီယာနို ကျင့်ပြီး အိမ်ပြန်ချိန်တွင် လူအပို တစ်ယောက်ပါလာခြင်းပင်။ ထိုလူကလဲ သူ့ကို ပြောမိလို့ လိုက်ပို့နေရလို့ ပဲလား မသိ၊ အနောက်ကနေ သာ အမြဲ ပါလာပြီး တစ်ခါတလေ ဆို အသက်ရှူသံပင် မကြားရသဖြင့် သူ့ကို ပိုကြောက်နေရသည်။

အခုလဲ ကြည့်၊ မနေ့က သာ သူလိုက်ပို့မယ် ပြောပေမဲ့ ကိုယ်က ရှေ့က သွားနေရတော့ ဘယ်သူက ပြန်ပို့နေတာမှန်း တောင်မသိတော့။ ညကလဲ မှောင်နေပြီမို့ ဟိုတွေးဒီတွေးနှင့် လျှောက်လှမ်းနေမိသည်။

အခုမှ စဉ်းစားမိတာက အဲ့လူလဲ ပွဲအတွက် ပြင်ဆင်နေရတာ မဟုတ်လား။ တစ်ခါမှ လေ့ကျင့်နေတာ လဲ မတွေ့သလိုပဲ။ တွေးရင်းမှ နောက်လှည့်ကာ မေးရန် ကြည့်မိတော့ ကျောက်ရုပ်ကြီး အတိုင်း လိုက်ရပ်နေသော သူ။

တကယ်ပါပဲ ရှေ့က လျှောက်သည့် သူ ရပ်လိုက်တာနဲ့ လိုက်ရပ်နေပုံ က လေ့ကျင့်ထားသည့် စစ်သားတွေ အတိုင်း။ ဒီလူ တပ်ထဲ ဝင်ပြီးပြီး သားများလား။ သူတစ်လှမ်း လှမ်းမိလျှင် အတိအကျ တစ်လှမ်းသာ လှမ်းသည်မှာ သူတို့ကြား အကွာအဝေးကို တစ်မီတာသာ ထားချင်သည့်အတိုင်း။

"ဒီမှာ၊ ဟိုတစ်ယောက်"
မလေ့ကျင့်ရသော အကြောင်း အရင်းကို သိချင်သဖြင့် စကားစ လိုက်မိတော့ ချက်ချင်း ကြည့်လာကာ

"ဟို တစ်ယောက်မဟုတ်ဘူး"
အသံကလဲ ခပ်နိမ့်နိမ့် နဲ့ဩရှရှ ကို ညကြီးမင်းကြီး အသိမပေးပဲ ပြောလိုက်တော့ နည်းနည်းတောင် လန့်သွားရသလို။

"အဟမ်း၊ ကင်မ်ထယ်ယောင်းရှီ။ ဘာလို့ မလေ့ကျင့်တာလဲ။"

"မလိုလို့"  ခု ခပ်ပြတ်ပြတ် ဖြေလာပြန်သည်။

အားးးး တကယ်ကို မခံစားနိုင်တော့ဘူး။

ဒီတိုင်း ညကလဲ မှောင်နေသလို တူတူလိုက်ပို့ နေသော သူကလဲ တစ်မီတာ အကွာလောက် အနောက် ကသာ လိုက်နေသေးသည်။ မိမိက နည်းနည်း ပိစိလေး ကြောက်တတ်သည်ကိုလဲ ဒီ သူစိမ်းလူ ကို မပြချင်ပါ။
ခိုးရီနေရင် ဘယ်လိုလုပ်မလဲ။

ထို့ကြောင့်ပဲ ရင်းနှီးအောင် စကားစမိတော့ တစ်ခွန်းထဲနဲ့ ပြီးပြတ်သွား သော စကားဖလှယ်ခြင်း။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now